ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ရယ်စရာဟာသပြက်လုံးတွေနဲ့ ပရိသတ်တွေရဲရင်ထဲနေရာယူထားကြတဲ့ အနုပညာရှင်တွေထဲမှာ လူရွှင်တော်အဖွဲ့ဖြစ်ကြတဲ့ “ဟားတစ်သိုက်” အဖွဲ့ကလည်း အပါအဝင်ပါပဲနော်..။

မရိုးနိုင်တဲ့ ရယ်စရာ ဟာသပြက်လုံးတွေနဲ့ ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေတဲ့ “ဟားတစ်သိုက်” အဖွဲ့ဝင်နှစ်ယောက်ဖြစ်တဲ့ စူပါလင်းနဲ့ သွက်လက်တို့ သူငယ်ချင်းတွေကတော့ ဇာတ်ကားတွေလည်း ရိုက်ကူးသရုပ်ဆောင်နေကြပါတယ်နော်..။


Photo Credit - အူလှိုက်သဲလှိုက်ဟားတစ်သိုက်အဖွဲ့ ဖေ့စ်ဘွတ်
Photo Credit - အူလှိုက်သဲလှိုက်ဟားတစ်သိုက်အဖွဲ့ ဖေ့စ်ဘွတ်

မကြာခင်မှာ ရုံတင်ပြသတော့မယ့် “တောက်ချလိုက်မယ်” ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင်သရုပ်ဆောင်ထားကြတဲ့ သွက်လက်နဲ့ စူပါလင်းတို့ နှစ်ယောက်ကတော့ ရုန်းကန်လှုပ်ရှားနေကြတဲ့ရတဲ့ အကြောင်းလေးတွေ ပြောပြလာပါတယ်..။

ဇာတ်ကလာတဲ့ အနုပညာရှင်တွေဖြစ်တာကြောင့် ပွဲကနေ ကားရိုက်ခေါ်ကြလို့ ပွဲနဲ့ကားရိုက် နည်းနည်းလေးတွေရှိကြပေမယ့် ဘယ်ယိမ်းလိုက် ညာယိမ်းလိုက်နဲ့ ရုန်းကုန်လှုပ်ရှားနေကြရတဲ့အကြောင်းလေးကို ပြောပြထားတာ ဖြစ်ပါတယ်..။


Photo Credit - အူလှိုက်သဲလှိုက်ဟားတစ်သိုက်အဖွဲ့ ဖေ့စ်ဘွတ်
Photo Credit - အူလှိုက်သဲလှိုက်ဟားတစ်သိုက်အဖွဲ့ ဖေ့စ်ဘွတ်

“အပြင်မှာလည်း ကျွန်တော်တို့ ရုန်းကန်လှုပ်ရှားနေရတာပါပဲ.. ဇာတ်ကလာတဲ့သူတွေဖြစ်တာကြောင့် ပွဲလေးတွေကနေ ကားရိုက်ခေါ်ကြတယ် ပွဲနဲ့ ကားရိုက် နည်းနည်လေးတွေရှိကြတော့ အဆင်ပြေတယ်ပေါ့ ဒရမ်မာဘက်တွေကျတော့ ခေါ်ရင်တော့ လုပ်ဖြစ်ဦးမှာပါ ကျွန်တော်တို့က နုလည်းနုသေးတာကိုး ကျွန်တော်တို့ရှေ့မှာ စီနီယာတွေရှေ့မှာ အများကြီးရှိသေးတယ်လေ ကိုခင်လှိုင်တို့ဆိုတာလည်း ဆရာတွေလေ ကျွန်တော်တို့ကတော့ အငယ်တန်းတွေဆိုတော့ အစ်ကိုတို့နောက်လိုက်တာတို့ သူငယ်ချင်းဘာညာပုံစံလောက်ပဲ သွားနိုင်ဦးမှာပါ တကယ့်တကယ် ရခဲ့ရင်တော့ ကြိုးစားပြီးလုပ်တာပေါ့ ကျွန်တော်တို့ကတော့ ဘယ်နေရာပဲဖြစ်ဖြစ် သရုပ်ဆောင်လုပ်ရတာကို ကြိုက်တယ် လူကြမ်းလုပ်ရင်းနဲ့ ဟာသလုပ်သွားတာလေးကို ပိုကြိုက်တယ်..” ဆိုပြီး ပြောပြထားတာပါ..။

ပရိသတ်တွေရဲ့ အချစ်တော် အနုပညာရှင် လူရွှင်တော်နှစ်ယောက်ရဲ့ အင်တာဗျူးဗီဒီယိုဖိုင်လေးကိုလည်း အားလုံးအတွကင် တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - အူလှိုက်သဲလှိုက်ဟားတစ်သိုက်အဖွဲ့ ဖေ့စ်ဘွတ်
Photo Credit - အူလှိုက်သဲလှိုက်ဟားတစ်သိုက်အဖွဲ့ ဖေ့စ်ဘွတ်

Photo Credit - အူလှိုက်သဲလှိုက်ဟားတစ်သိုက်အဖွဲ့ ဖေ့စ်ဘွတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။