လူငယ်ပရိသတ်တွေကြားမှာ အခိုင်အမာအားပေးမှုရရှိထားပြီး အကြီးအကျယ်အောင်မြင်နေတဲ့သူကတော့ အဆိုတော် G Fatt ပဲ ဖြစ်ပါတယ်။ ရင်ထဲကလာတဲ့စကားလုံးတွေနဲ့ သီချင်းကောင်းကောင်းလေးတွေကို ရေးစပ်သီဆိုလေ့ရှိတဲ့ G Fatt က ယောက်ျားလေးပရိသတ်၊ မိန်းကလေးပရိသတ်မရွေးဘဲ အားလုံးကြိုက်ကြတဲ့အဆိုတော်တစ်ဦးဆိုရင်လည်း မမှားပါဘူးနော်။ လျှမ်းလျှမ်းတောက်အောင်မြင်နေတဲ့ G Fatt က တစ်ကိုယ်တော်ဖျော်ဖြေပွဲတွေလည်း ကျင်းပပြုလုပ်နေရပြီ ဖြစ်ပါတယ်။

Photo Credit- G Fatt's FB
Photo Credit- G Fatt's FB

ပြီးခဲ့တဲ့ဒီဇင်ဘာလ (၁) ရက်နေ့မှာလည်း G Fatt က သူ့ရဲ့တစ်ကိုယ်တော်ဖျော်ဖြေပွဲကို မန္တလေးမြို့မှကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီပွဲလေးမှာတော့ ထူးထူးခြားခြားအနေနဲ့ G Fatt က ချစ်သူကိုလက်ထပ်ခွင့်တောင်းမယ့် သူ့ရဲ့ငယ်သူငယ်ချင်းအတွက်ကူညီပြီး ပါရမီဖြည့်ပေးခဲ့တာ ဖြစ်ပါတယ်။ G Fatt က ကောင်မလေးကို Supriseလုပ်ပြီးလက်ထပ်ခွင့်တောင်းမယ့် သူငယ်ချင်းကိုစင်ပေါ်ခေါ်တင်ပြီး သီချင်းလေးနဲ့ဘေးကနေကူညီပေးခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit- G Fatt's FB & Here We Go
Photo Credit- G Fatt's FB & Here We Go
Photo Credit- G Fatt's FB & Here We Go

ဒီအကြောင်းကိုတော့ G Fatt က " သူ့ချစ်သူ ကောင်မလေးကို လက်ထပ်ခွင့်တောင်းမယ့် ကိုယ့်ငယ်သူငယ်ချင်းကို စင်ပေါ်ခေါ်တင်ပြီး ကိုယ်ပါပါဝင်ကူညီ ပါရမီဖြည့်ပေးလိုက်ရခြင်းအမှတ်တရပေါ့ဗျာ တစ်ယောက်အပေါ်တစ်ယောက်တစ်ဘဝလုံးပုံပြီးချစ်ရတာ ထိုက်တန်လွန်းတဲ့ မင်းတို့နှစ်ဦးရဲ့မင်္ဂလာပွဲလေးကျရင်လဲ ငါ့ကိုဖိတ်ပါဦးကွာ အခုလိုကုသိုလ်ကြောင့် ငါလဲမင်းလိုကံကောင်းတဲ့ ကောင်လေးတစ်ချိန်ဖြစ်ပါစေ သားကြီးရေ ဖြူစင်တဲ့နှလုံးသားတွေဆီအချစ်ဟာတကယ်အရောက်လာခဲ့တယ် " ဆိုပြီး ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။ 

Photo Credit- G Fatt's FB & Here We Go  

Photo Credit- G Fatt's FB & Here We Go
Photo Credit- G Fatt's FB & Here We Go

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။