ကမ္ဘာ့စစ်သမိုင်းကြောင်းကို စိတ်ဝင်စားကြတဲ့ ပရိသတ်ကြီးအတွက် ဒီတစ်ပါတ်မှာတော့ အချိန်တိုတိုနဲ့ စစ်ပြီးသွားခဲ့တဲ့ အချိန်အတိုဆုံး စစ်ပွဲများအကြောင်းကို စိတ်ဝင်စားဖွယ် ဖတ်ရှုရအောင် ရေးသားဖော်ပြပေးသွားမှာဖြစ်ပါတယ်။ အချိန်တို စစ်ပွဲများထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ "ပိုလန် လစ်သူရေးနီးယား" စစ်ပွဲအကြောင်းကို ရွေးချယ်ထားတာဖြစ်ပါတယ်။ ပိုလန်နှင့် လစ်သူရေးနီးယားတို့ တိုက်ခိုက်ကြတဲ့ စစ်ပွဲပဲဖြစ်ပါတယ်။

photo credit pngtree

ပိုလန်နှင့် လစ်သူရေးနီးယားနိုင်ငံဟာ အချိန်ကြာကြာ စစ်မဖြစ်ဘဲ (၃၇) ရက်သာ ကြာမြင့်ခဲ့ပြီး ပိုလန် နိုင်ငံက စစ်နိုင်ကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။ ထို့နောက် ပစ်ခတ်မှုများ ရပ်ဆိုင်းရန် သဘောတူ စာချုပ် လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒါပေမယ့် ပိုလန်တို့က လစ်သူ ရေးနီးယားတွင် ရုပ်သေးအစိုးရကို တင်ပေးခဲ့သဖြင့် နိုင်ငံတကာ၏ အသိအမှတ်ပြုခြင်းကို မခံခဲ့ရပါဘူး။ ပိုလန်နှင့် လစ်သူရေးနီးယားတို့သည် အငြင်းပွားနေကြသော "Vilnius" ၊ "Suwaki" နှင့် "Augustów" မြို့များကြောင့် ၁၉၂၀ ပြည့်နှစ်တွင် စစ်ဖြစ်ခဲ့ကြခြင်းဖြစ်ပါတယ်။ 

photo credit pngtree

စစ်ပွဲ အပြီးတွင် အငြင်းပွားနေသော ဒေသများကို ကြားခံ နယ်မြေ အဖြစ် (၁၈) လ ကြာ ပိုလန်က ထိန်းသိမ်းထားခဲ့သော်လည်း လစ်သူရေးနီးယားက ပြန်လည် တောင်းခံခဲ့တာဖြစ်ပါတယ်။ ၁၉၂၂ ခုနှစ် ၊ မတ်လ(၂၄)ရက် တွင်ပြုလုပ်ခဲ့သော ပိုလန်နိုင်ငံ ရွေးကောက်ပွဲ အပြီးတွင် ထိုနယ်မြေများ အားလုံးကို ပိုလန်နိုင်ငံက သိမ်းယူခဲ့သော်လည်း လစ်သူရေးနီးယားဘက်ကတော့ အသိအမှတ်ပြုခဲ့ခြင်း မရှိပါဘူး။ နောင်လည်း စစ်ပွဲနဲ့ ပတ်သက်တဲ့ အကြောင်းအရာများကို ပုံရိပ်တွေနဲ့တကွ ဖော်ပြပေးမှာမလို့ like and follow လုပ်ထားဖို့တော့ မမေ့ပါနဲ့ဦးနော်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းယူရေးခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန" ကိုကျေးဇူးတင်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။