ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ဒိတ်ဒိတ်ကြဲ မိတ်ကပ်ပညာရှင်တစ်ဦးအဖြစ် နှစ်အတော်ကြာရပ်တည်နေတဲ့ ခင်စန်းဝင်းကတော့ အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေအခိုင်အမာနဲ့ အောင်မြင်နေသူပဲ ဖြစ်ပါတယ်..။

မိတ်ကပ်ဖန်တီးချင်တစ်ယောက်ပီပီ ကိုယ့်ကိုယ်ကိုယ်လည်း အမြဲတမ်း လှအောင်နေလေ့ရှိတဲ့ မကြီးစန်းဟာ လက်တလောမှာတော့ ဇာတ်ကားရိုက်ကူးရေးအတွက် ဆံပင်တိုလေးညှပ်ထားပါတယ်နော်..။


Photo Credit - Khin San Win’s Facebook
Photo Credit - Amazing Grace Photography

ပရိသတ်တွေရဲ့ အချစ်တော် မကြီးစန်းကတော့ ဇာတ်ကားတွေလည်း ရိုက်ကူးနေပြီး အခုတစ်ခါမှာတော့ ဇာတ်ကားရိုက်ကူးရေးအတွက် ဆံပင်အတိုလေးညှပ်ပြီး ပုံစံပြောင်းလိုက်တာကို တစ်ယောက်သောသူက မကြိုက်ဘူးဆိုပြီး ပြောပြလာပါတယ်နော်..။

အလုပ်သဘောအရ ဇာတ်ကားအတွက် ပြင်ဆင်မှုလေးအနေနဲ့ ပရိသတ်အမြင်မှာ အမျိုးမျိုးဖြစ်အောင် ဆံပင်အတိုလေးညှပ်ပြီး ပုံစံပြောင်းထားတာမို့ ခွင့်လွှတ်ပါဆိုပြီး တစ်ယောက်သောသူကို တောင်းပန်ထားသလို တစ်ချိန်ကျရင်တော့ ဆံပင်အရှည်လေးပြန်ထားပြီး လိုချင်တဲ့ ပုံစံလေး ပြန်ဖြစ်သွားမှာပါဆိုပြီးတော့လည်း ပြောပြထားပါသေးတယ်..။


Photo Credit - Khin San Win’s Facebook
Photo Credit - Khin San Win’s Facebook

“ပရိသတ်တွေရှေ့မှာ အမြင်အမျိုးမျိုးဖြစ်အောင် အဝတ်အစားလည်း ပြောင်းတယ် ပြင်ဆင်မှုလည်းပြောင်းတာပေါ့ ဒါပေမယ့် အဲ့လိုပြောင်းတာကို မကြိုက်တဲ့ တစ်ယောက်သောသူလည်း ရှိတယ် အလုပ်သဘောအရဆိုတော့ ခွင့်လွှတ်ပါလို့ တစ်ချိန်ကျရင်တော့ သူလိုချင်တဲ့ပုံစံပြန်ဖြစ်မှာပေါ့လေ လောလောဆယ်တော့ ဇာတ်ကားအတွက်မို့ မလုပ်လို့ မရဘူးလေ.. မြန်မာဝတ်စုံလေးနဲ့ ရိုးရိုးယဉ်ယဉ်လေး နေရတာကို ကြိုက်တယ် ဖက်ရှင်ကတော့ မြန်မာဝတ်စုံပဲ ဝတ်မှာပါ ဆံပင်ကလည်း အရှည်ပြန်ထားမှာပါ အတိုတော့ အမြဲတမ်းမနေပါဘူး.. မကြီးက အရွယ်အားဖြင့် ဆံပင်အရမ်းကြီး ကလပ်တယ်ဆိုရင် ကိုယ့်ကိုကိုယ် မလုံဘူး..” ဆိုပြီး မကြီးစန်းက ပြောပြထားတာ ဖြစ်ပါတယ်..။

တစ်ယောက်သောသူ မကြိုက်တဲ့ ဆ့ပင်အတိုလေးကို ခုရိုက်နေတဲ့ ကားရိုက်ပြီးသွားရင် ဆံပင်အရှည်ပြန်ထားမယ့်အကြောင်းလေး ပြောပြထားတဲ့ မကြီးစန်းရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Khin San Win’s Facebook
Photo Credit - Khin San Win’s Facebook

Photo Credit - Khin San Win’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။