ပရိသတ်ကြီးရေ.. ပရိသတ်တွေအားလုံး စိတ်ဝင်စား အားပေးနေကြတဲ့ “တိမ်တွေပေါ်က ပန်း” ရုပ်ရှင်ဇာတ်ကားကြီးကတော့ မကြာခင်မှာပဲ ရုံတင်ပြတော့မှာဖြစ်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ရုပ်ရှင်အထူးပြပွဲကိုလည်း ကျင်းပပြုလုပ်ခဲ့ပါတယ်နော်..။

“တိမ်တွေပေါ်က ပန်း” ရုပ်ရှင်ဇာတ်ကားကြီးမှာ ကစ်နဲ့အတူ တွဲဖက်သရုပ်ဆောင်ထားတဲ့ ကိုရီးယားမင်းသားချော Ryu Sang Wook ကလည်း ဇာတ်ကားရိုက်ရင်း ပျော်ခဲ့ရတဲ့ အမှတ်တရလေးတွေအကြောင်း ပြောပြလာပါတယ်နော်..။


Photo Credit - Zin Yaw Mg Mg’s Facebook
Photo Credit - Zin Yaw Mg Mg’s Facebook

ပရိသတ်တွေရဲ့အချစ်တော်လေး ကစ်ကတော့ အသားအရေအရမ်းလှပြီး ပုံမှန်ဆို အနေအေးပေမယ့် တွေ့ကြတဲ့အခါပျော်ပျော်ရွှင်ရွှင်နဲ့ အမြဲလိုက်စလို့ အရမ်းပျော်ရတဲ့ အကြောင်းလေးတွေနဲ့ ကိုရီးယားနဲ့ ပတ်သက်ပြီးတော့လည်း စိတ်ဝင်စားတဲ့ ကစ်လေးအကြောင်းကို ပြောပြထားတာ ဖြစ်ပါတယ်..။

“ကစ်ကစ်က ပုံမှန်ဆို အနေအေးအေးလေး နေတယ် ကျွန်တော်နဲ့တွေ့တဲ့အခါ ပျော်ပျော်ရွှင်ရွှင်ပဲ အတူ သွားကြတယ် သူကအမြဲကျွန်တော့ကို စတယ် အရမ်းပျော်ဖို့ကောင်းပါတယ် မကစ်က အသားအရေအရမ်းလှတယ် သူက ကိုရီးယားနဲ့ ပတ်သက်ပြီးတော့လည်း စိတ်ဝင်စားတယ် သူ့ကို ကိုရီးယားလူမျိုးတွေထဲက တစ်စိတ်တစ်ပိုင်းလို့ ပြောလို့ရတယ် တစ်ခါတစ်လေကျရင် အင်စတာဂရမ် မိုင်ဒေးမှာ ကိုရီးယားအစားအသောက်တွေ တင်ထားတာ တွေ့တယ်..” ဆိုပြီး ပြောပြထားတာပါ..။


Photo Credit - Wutt Hmone Shwe Yi’s Facebook
Photo Credit - Wutt Hmone Shwe Yi’s Facebook

“တိမ်တွေပေါ်ကပန်း” ဇာတ်ကားကြီးကိ မြန်မာနိုင်ငံရဲ့နာမည်ကြီး ဒါရိုက်တာဇင်ရော်မောင်မောင်နဲ့ ရိုက်ပြီး နာမည်ကြီးမင်းသမီး ရွှေကစ်လေးနဲ့အတူ သရုပ်ဆောင်ရမှာမို့ လက်ခံရိုက်ကူးဖြစ်တာဖြစ်ပြီး သရုပ်ဆောင်လေ့ကျင့်တဲ့အပိုင်းကိုလည်း ပြောပြထားပါသေးတယ်နော်..။

“မင်္ဂလာပါ ချစ်တယ် မြန်မြန်ဆိုတဲ့ စကားတွေကို ပြောတတ်ပါတယ် ပထမတစ်ခေါက် မြန်မာပြည်ကိုလာကတည်းက မြန်မာလူမျိုးတွေက ရိုးသားပြီးဖော်ရွေတယ် မြန်မာနိုင်ငံက လူတွေ ကျွန်တော့်ကို ချစ်ခင်ကြတယ်ဆိုရင် နောက်ထပ်မြန်မာပြည်ကို လာမှာပါ..” ဆိုပြီး ပြောပြထားတဲ့ Ryu Sang Wook ရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Wutt Hmone Shwe Yi’s Facebook
Photo Credit - Wutt Hmone Shwe Yi’s Facebook

Photo Credit - Zin Yaw Mg Mg’s Facebook & Wutt Hmone Shwe Yi’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။