photo credit - ESL

Kpill ကတော့ Australia နိုင်ငံသားတစ်ဦးဖြစ်ပြီး သူ့ရဲ့နာမည်အရင်းကတော့ Damien Sau-jing Chok ပဲဖြစ်ပါတယ်။

သူ့ရဲ့ birth date ကတော့ 1998 ခုနှစ် 4 လပိုင်း 13 ရက်နေ့ဖြစ်တာကြောင့် kpill ဟာ အခုမှ အသက် 21 နှစ်အရွယ်သာရှိသေးတာပဲဖြစ်ပါတယ်။

သူပထမဆုံးစတင်ကစားခဲ့တဲ့ dota2 team ကတော့ AkmA ဖြစ်ပြီး 2013 ခုနှစ် လောက်က ကစားခဲ့တာပဲဖြစ်ပါတယ်။

2014 ခုနှစ် 9 လပိုင်းမှာတော့ kpill ဟာ Can’t Say Wips အသင်းကိုရောက်ရှိခဲ့ပြီး 2015 ခုနှစ် 1 လပိုင်းမှာ ၎င်းအသင်းကနေ ပြန်လည်ထွက်ခွာခဲ့ပါတယ်။

2015 ခုနှစ် 2 လပိုင်းမှာတော့ kpill ဟာ MVP Phoenix အသင်းကိုရောက်ရှိခဲ့ပြီး ၎င်းအသင်းမှာ 2015 ခုနှစ် 8 လပိုင်းအထိကစားခဲ့ပါတယ်။

၎င်းအသင်းကထွက်ပြီးတာနဲ့တပြိုင်နက် kpilll ဟာ EHOME.K အသင်းကိုရောက်ရှိခဲ့ပြီး 2015 ခုနှစ် 12 လပိုင်းအရောက်မှာ EHOME.Kenn ကိုရောက်ရှိခဲ့ပါတယ်။

EHOME.Keen မှာတော့ kpill ဟာ 2016 ခုနှစ် 3 လပိုင်းကုန်လောက်အထိ ကစားပြီးနောက် Newbee အသင်းကိုရောက်ရှိခဲ့ပါတယ်။

Newbee အသင်းနဲ့အတူတော့ kpill မှာ Ti 7 မှာ grand final ထိရောက်အောင်ခဲ့ပေမယ့် Team Liquid ကို 3 း 0 နဲ့ရှုံးနိမ့်ခဲ့တာကြောင့် 2nd place နဲ့သာရရှိခဲ့ပါတယ်။

2018 ခုနှစ် 9 လပိုင်း 10 ရက်နေ့မှာတော့ Kpill ဟာ Mineski အသင်းကိုပြောင်းရွှေ့ခဲ့ပြီး Ti 9 ကို Mineski အသင်းနဲ့အတူ ဝင်ပြိုင်ခဲ့ပေမယ့် ရလာဒ်ကောင်းတွေတော့ ရရှိခဲ့ခြင်းမရှိခဲ့ပါဘူး။

Ti 9 အပြီး 2019 ခုနှစ် 9 လပိုင်းအရောက်မှာတော့ kpill ဟာ Mineski အသင်းကိုစွန့်ခွာပြီး TNC Predator အသင်းကိုပြောင်းရွှေ့လာခဲ့တာပဲဖြစ်ပါတယ်။

TNC Predatro အသင်းကိုအရောက်မှာတော့ kpill ဟာ သူ့ရဲ့ အသင်းဖော်တွေနဲ့အတူ လောလောလတ်လတ် ပြိုင်ထားတဲ့ ပြိုင်ပွဲသုံးခုမှာ champion ဖြစ်ထားပြီး သူ့ရဲ့အကောင်းမွန်ဆုံးအနေအထားတစ်ခုကို ရောက်ရှိနေတာပဲဖြစ်ပါတယ်။ 

source -  Liquipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။