သင့်အနေနဲ့ Gamer စစ်စစ်ဆိုတာ သေချာနေပါသလား။ ဘယ်ဂိမ်းကိုမဆို ကျွမ်းကျွမ်းကျင်ကျင်ကစားပြီး ဂိမ်းနဲ့ပတ်သတ်တဲ့ အချက်အလက်တွေကို သေသေချာချာလေး သိတယ်လို့ ထင်ပါသလား။ အရင်ဆုံး Gamer ဆိုတာဘာလဲဆိုတာကို ရှင်းလင်းကြည့်ရအောင်။ ဂိမ်းသမားဆိုတာ ဂိမ်းဆော့တက်တိုင်း Gamer မဖြစ်သွားပါဘူး။ အပေါ်မှာ ပြောထားသလိုပါပဲ ကိုယ်ဆော့တဲ့ဂိမ်းရဲ့ အကြောင်းတွေနဲ့ ဘယ်ဂိမ်းက ဘယ်လိုဆိုတာကို သိမှ Gamer ဆိုတာဖြစ်တာပါ။ 

ဘယ်လိုပဲဖြစ်ဖြစ်ပါ Gamer ဖြစ်ဖို့အတွက်နဲ့ Game တိုင်းဆော့နေစရာမလိုပါဘူး။ ကိုယ်ကျွမ်းကျင်တဲ့ ကိုယ်ဆော့ချင်တဲ့ ဂိမ်းကိုပဲဆော့ပြီး အဲ့ဂိမ်းနဲ့ပတ်သတ်သမျှကို သိရင်လဲ Gamer ဖြစ်ပါတယ်။ ခုဖော်ပြသွားမဲ့ ဂိမ်းဟာဆိုရင်လဲ တကယ်ဂိမ်းသမားစစ်စစ်တွေအတွက် ထွက်ရှိထားတဲ့ Game တစ်ခုလို့ဆိုရမှာပါပဲ။ ဘာလို့ဆို သူတို့မေးထားတဲ့ဟာတွေအကုန်လုံးက Game ထဲက Character တို့ Game Name တို့စတာတွေကို ဖော်ထုတ်ပေးရတာကြောင့်ပဲဖြစ်ပါတယ်။  

သင်အနေနဲ့ Game တိုင်းကိုမဆော့ဖူးရင်လဲ ကြားဖူးတာတွေ ဘာတွေနဲ့အတူ ဒီဂိမ်းကမေးထားတဲ့ မေးခွန်းတွေကို ဖြေဆိုနိုင်ပါတယ်။ Admin လဲ သူတို့မေးတဲ့ တချို့ဂိမ်းတွေကို သိတောင်မသိပါဘူး။ ဒါပေမဲ့လဲ ရသလောက် ကြိုးစားဖြေကြည့်ပေါ့။ ဒုတိယအခန်းကို ပထမအခန်းမှာ ကြယ်လုံလုံလောက်လောက်ရရင် ပွင့်မှာဖြစ်ပါတယ်။ ထင်သလောက်တော့မလွယ်တဲ့ ဂိမ်းပါ။ ဂိမ်းတွေရဲ့နာမည်တွေကိုပဲ ကြားဖူးနားဝရှိပြီး စလုံးပေါင်းမရရင် Google ကိုသုံးပါ။ ကိုယ့်ကိုတိုင်း ဂိမ်းဂျိုးကြီးဖြစ်ချင်ပြီး စိန်ခေါ်ချင်ရင်တော့ MEGA QUIZ : GAMING ကိုဆော့ကြည့်ပါ။

သတင်းအရင်းမြစ် Lord Htun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။