စာသား အဆန်းတွေကို rhyme အလန်းတွေနဲ့ ရေးသားဖန်တီးခဲ့ပြီး 90 born တွေရဲ့ အသည်းစွဲ rap အဆိုတော် ကြက်ဖကို သန်းခေါင်ယံ ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Red Carpet ပွဲမှာ MLTV ကနေ အင်တာဗျူးမေးမြန်းခဲ့တာဖြစ်ပါတယ်။ အဆိုတော်၊ သရုပ်ဆောင် အဖြစ် အနုပညာအလုပ်တွေကို လုပ်နေပြိဖြစ်တဲ့ ကြက်ဖက သူလေးစားအားကျရတဲ့ ဝါရင့်လူရွှင်တော်တွေအကြောင်းနဲ့ ဟာသဉာဏ်ရွှင်တဲ့ ကြက်ဖကို အသက်ရှည်အောင် အမြဲရယ်စရာတွေ ပြောဖြစ်တဲ့အကြောင်း၊ လောကမှာ ဆရာကောင်းသမားကောင်း၊ မိတ်ဆွေကောင်းတွေလည်း လိုကြောင်း ပွင့်လင်းရိုးသားစွာ ရယ်ရယ် မောမောနဲ့ ဖြေကြားသွားခဲ့ပါတယ်။

photo credit Thant Zaw's facebook
photo credit Thant Zaw's facebook

အဆိုတော်ကြက်ဖက မူးရစ်သားကောင်ဖြစ်ခဲ့စဉ် အချိန်တုန်းက သူ့မိခင်အပေါ် ဆိုးခဲ့၊ မိုက်ခဲ့တာတွေကို နောင်တရပြီး လိမ္မာတဲ့ သားတစ်ယောက်အဖြစ် ပြုပြင်နေထိုင်ခဲ့တာ သုံးနှစ်ကျော်၊ လေးနှစ်နီးပါးရှိပါပြီ။ ဗုဒ္ဓဘာသာ၊ သာသနာအကျိုးကို သယ်ပိုးပြီး မိဘ ကျေးဇူးဆပ်တဲ့ အနေနဲ့ ဒုလ္လာဘက်ရဟန်းလည်းဝတ်ခဲ့တာကို ပရိသတ်တွေသိပြိးသားဖြစ်မှာပါ။ ဗုဒ္ဓစာပေတွေကို သူ့ fb account မှာ အများဆုံး မျှဝေပေးလေ့ရှိပြီး သူရဲ့ နောက်ဆုံးထွက် တစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ "တော" ဆိုတဲ့ သီချင်းထဲမှာလည်း လူသားအကျိုးပြု စာသားတွေကို အများဆုံး ထည့်သွင်းရေးစပ်ထားတယ်ဆိုတာ နားထောင်ဖူးသူတိုင်း သိကြမှာပါနော်။

photo credit Thant Zaw's facebook
photo credit Thant Zaw's facebook

"ဦးရိုင်းတို့၊ ဦးကင်ကောင်တို့ ဦးပိုးဖြူတို့ကို ကျနော်က ပိုပြီးသဘောကျတာ၊ သူတို့လို ဖြစ်ချင်တာ၊ ပြီးတော့ ကျနော်ရဲ့ လက်ဦးဆရာက ဦးဇာဂနာပါ၊ ၇တန်းတုန်းက ကျောင်းကပွဲတွေမှာ အငြိမ့်ကဖူးတယ်၊ အဲ့မှာ ပိုပြီး ပိုးကဝင်သွားတယ်၊ ဟာသ ပညာက ရုတ်တရက် ဖြတ်ထိုးဉာဏ်ရှိဖို့လိုတယ်၊ အထူးသဖြင့် သူငယ်ချင်းတွေကို ပျော်အောင်ထားနိုင်တယ်၊ မပျင်းအောင် ဂရုစိုက်နိုင်တယ်၊ ပိုပြီးတော့ တန်ဖိုးကြီးသွားတာက ဟာသပညာက ကျွန်တော့အမေ့ကို ကျွန်တော် နေ့တိုင်းရယ်အောင်လုပ်နိုင်တယ်ဆိုပြီး" ပြောကြားသွားခဲ့တာဖြစ်ပါတယ်။ ပရိသတ်တို့ ကြည့်ရှုခံစားရအောင် ကြက်ဖရဲ့ အင်တာဗျူး ဗီဒီယိုဖိုင်ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

photo credit Thant Zaw's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။