မနေ့ကကစားခဲ့ကြတဲ့ အမျိုးသားယူ၂၂ဘောလုံးပြိုင်ပွဲရဲ့ အုပ်စုပွဲစဉ်တွေမှာတော့ ထိုင်းအသင်းနဲ့ ဗီယက်နမ်အသင်းတို့ အကြိပ်အနယ်ယှဉ်ပြိုင်ကစားခဲ့ကြပြီး သရေကျခဲ့တာာကြောင့် ထိုင်းအသင်းအနေနဲ့ အုပ်စုအဆင့်ကနေ ထွက်ခွာသွားရပြီဖြစ်ပြီး ဗီယက်နမ်အသင်းနဲ့ အင်ဒိုနီးရှားအသင်းတို့ကတော့ ဆီးမီးဖိုင်နယ်အဆင့်ကို တတ်ရောက်လာနိုင်ခဲ့ပါတယ်။

photo credit : MFF 's facebook
photo credit : MFF 's facebook

ဆီးမီးဖိုင်နယ်အဆင့်မှာတော့ အုပ်စုAရဲ့ ထိပ်ဆုံးမှာရှိနေတဲ့ မြန်မာလက်ရွေးစင်ယူ၂၂အသင်းနဲ့ အုပ်စုBရဲ့ ဒုတိယနေရာမှာရှိနေတဲ့ အင်ဒိုနီးယားအသင်းတို့ ထိပ်တိုက်တွေ့ဆုံနေတာပဲ ဖြစ်ပါတယ်။ တစ်ဖက်မှာတော့ ကမ္ဘောဒီးယားအသင်းနဲ့ ဗီယက်နမ်အသင်းတို့ ဆီးမီးဖိုင်နယ်အဆင့်မှာ တွေ့ဆုံနေခဲ့တာပဲ ဖြစ်ပါတယ်။

photo credit : MFF 's facebook
photo credit : MFF 's facebook

မြန်မာလက်ရွေးစင်အမျိုးသား ယူ၂၂အသင်းအနေနဲ့ အုပ်စုတွင်းမှာ ပွဲတွေမှာ ခြေစွမ်းကောင်းတွေကို ပြသထားနိုင်ခဲ့တာကြောင့် ပရိသတ်တွေအနေနဲ့ မြန်မာအသင်းရဲ့ ခြေစွမ်းကို အတော်လေး သဘောကျနေကြပါတယ်။ မြန်မာအသင်းနဲ့ အင်ဒိုနီးရှားအသင်းတို့ရဲ့ ပွဲကတော့ ပွဲကြီး ပွဲကောင်းဖြစ်လာဖို့ ရှိနေပြီး ပရိသတ်တွေအနေနဲ့ အတော်လေးစိတ်ဝင်စားနေကြပါတယ်။

source: MFF 's facebook

photo credit : MFF 's facebook
photo credit : MFF 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။