နာမည်ကျော်ဘောလုံးသမားတစ်ဦးဖြစ်တဲ့ အောင်သူကတော့ သရုပ်ဆောင်မင်းသမီးချောလေး ပိုးအိအိခန့်နဲ့ အိမ်ထောင်ပြုပြီး တူနှစ်ကိုယ်ဘဝလေးတစ်ခုကို တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ဘဝကိုအေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းနေကြတဲ့ အောင်သူတို့ဇနီးမောင်နှံက သားလေးတစ်ယောက် ပိုင်ဆိုင်ရရှိထားပြီလည်း ဖြစ်ပါတယ်။ သွင်ဦးဟန်လို့အမည်ပေးထားတဲ့ အောင်သူရဲ့သားလေးက အခုဆိုရင် အသက်လေးလကျော်ရှိနေပြီ ဖြစ်ပါတယ်။

Photo Credit- Poe Ei Ei Khant's FB
Photo Credit- Poe Ei Ei Khant's FB
Photo Credit- Poe Ei Ei Khant's FB

သားဦးလေးဖြစ်သလို အရမ်းလည်းချစ်ဖို့ကောင်းတဲ့သားလေးကိုကိုးကတော့ အောင်သူတို့မိသားစုရဲ့ဆည်းလည်းလေးပဲ ဖြစ်ပါတယ်။ အခုလည်း ပိုးအိအိခန့်က ဖေဖေဘောလုံးကန်တာကိုလိုက်ကြည့်ပြီး အားပေးခဲ့တဲ့ သားလေးကိုကိုးရဲ့ချစ်စရာဗီဒီယိုဖိုင်လေးကို မျှဝေပေးထားပါတယ်။ ပိုးအိအိခန့်တို့သားအမိနှစ်ယောက်ကတော့ ဘောလုံးလေ့ကျင့်နေတဲ့ ဖေဖေအောင်သူကို ကွင်းထဲအထိ သွားရောက်အားပေးခဲ့ကြတာ ဖြစ်ပါတယ်။

Photo Credit- Poe Ei Ei Khant's FB
Photo Credit- Poe Ei Ei Khant's FB
Photo Credit- Poe Ei Ei Khant's FB

သားလေးကိုကိုးကလည်း အဖေတူသားလေးလို့ဆိုရလောက်အောင် အခုကတည်းက ဘောလုံးအားကစားကို သဘောကျနှစ်ခြိုက်နေတာဖြစ်ပါတယ်။သိုက်သိုက်ဝန်းဝန်း ပျော်ပျော်ရွှင်ရွှင်နေထိုင်ကြတဲ့ အောင်သူတို့မိသားစုလေးကတော့ တကယ့်ကိုကြည်နူးအားကျဖို့ကောင်းနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ဖေဖေအောင်သူကို သွားရောက်အားပေးခဲ့တဲ့ ကိုကိုးလေးရဲ့ချစ်စရာဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit- Poe Ei Ei Khant's FB 

Photo Credit- Poe Ei Ei Khant's FB
Photo Credit- Poe Ei Ei Khant's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။