အကြိမ် (၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံး ဆီမီးဖိုင်နယ် ပွဲစဉ်အဖြစ် ဒီဇင်ဘာ (၅)ရက် ည ၆နာရီ ၃၀မိနစ် က မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့် ထိုင်းအမျိုးသမီးအသင်းတို့ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ Rizal Memorial ကွင်းတွင် ယှဉ်ပြိုင်ကစားရာမှာတော့ ထိုင်းအသင်းက (၁-ဝ) ဂိုးဖြင့် မြန်မာအသင်းကို အနိုင်ရရှိခဲ့ပါတယ်။ မြန်မာအမျိုးသမီးအနေနဲ့လည်း အကောင်းဆုံးကြိုးစားခဲ့ပေမဲ့ ထိုင်းလက်ရွေးစင်အမျိုးသမီးအသင်းရဲ့ အဝေးကန်ချက်ကနေအနိုင်ဂိုးကိုခွင့်ပြုခဲ့ရတာလည်းဖြစ်ပါတယ်။

Photo Credit - MFF
Photo Credit - MFF
Photo Credit - MFF
Photo Credit - MFF

ပွဲကစားချိန်ပြီးမှာတော့ သတင်းစာရှင်လင်းပွဲတွင် "ဒီနေ့ပွဲမှာ အကောင်းဆုံးကြိုးစားခဲ့ပြီး ခံစစ်နဲ့ တိုက်စစ်မျှတအောင် ကစားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အဝေးကန်ချက်ကနေ ဂိုးခွင့်ပြုခဲ့ရပါတယ်။ တိုက်စစ်မှာလည်းအခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပေမယ့် ဂိုးအဖြစ်ပြောင်းလဲနိုင်ခြင်းမရှိခဲ့ပါဘူး။ မြန်မာ့ ဘောလုံးပရိသတ်တွေ အတွက် အနိုင်ရလဒ်နဲ့ ဗိုလ်လုပွဲကို မရောက်နိုင်ခဲ့လို့ စိတ်မကောင်းပါဘူး" ဟု နည်းပြချုပ် ဦးဝင်းသူမိုး က ပြောကြားခဲ့ပါသေးတယ်။

Photo Credit - MFF
Photo Credit - MFF
Photo Credit - MFF

မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းကတော့ တတိယလုပွဲအဖြစ် အိမ်ရှင်ဖိလစ်ပိုင်အသင်း နှင့် ဒီဇင်ဘာ ၈ရက် မြန်မာစံတော်ချိန် ၂နာရီ ၃၀မိနစ်၊ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ရှိ Rizal Memorial ကွင်းတွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပါတယ်။ မြန်မာလက်ရွေးစင်အမျိူးသမီး အသင်းကတော့ တတိယ လုပွဲမှာ အိမ်ရှင်ဖိလစ်ပိုင်လက်ရွေးစင်အသင်းကိုအကောင်းဆုံးယှဉ်ပြိုင်ကစားပြီး ပရိသတ်တွေရဲ့ထပ်တူကျစေမည့် ရလဒ်ကောင်းတွေရရှိစေမှာလည်းဖြစ်ပါတယ်။မြန်မာဘောလုံးချစ်ပရိသတ်တွေကလည်း လက်ရွေးစင်အမျိုးသမီးအသင်းကိုဆုမွန်ကောင်းတောင်းပေးလိုက်ပါအုန်းနော်..။

Photo Credit - MFF
Photo Credit - MFF
Photo Credit - MFF

Source - Myanmar Football Federation 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။