ပရိသတ်ကြီးရေ အကယ်ဒမီမင်းသမီးခင်ဇာခြည်ကျော်ကတော့ သားတစ်ယောက် သမီးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီး သားနဲ့သမီးကလည်းအနုပညာကိုဝါသနာပါကြတာကြောင့် ဆယ်ကျော်သက်အရွယ်လေးတွေနဲ့ တတ်နိုင်သလောက်ကိုလုပ်ဆောင်နေကြတာဖြစ်ပါတယ်။ပရိသတ်တွေကလည်း ဘုန်းမင်းနေလနဲ့ထင်သစ္စာတို့ မောင်နှမနှစ်ယောက်လုံးကို အားပေးချစ်ခင်ကြတာဖြစ်ပါတယ်နော်။

Photo Credit:Htin Thitsar&Khin Zarchi Kyawzar's Facebook
Photo Credit:Htin Thitsar&Khin Zarchi Kyawzar's Facebook
Photo Credit:Htin Thitsar&Khin Zarchi Kyawzar's Facebook

ဘုန်းမင်းနေလကတော့ လက်တလောမှာဆိုရင် စင်ကာပူမှာကျောင်းသွားတတ်နေပြီး ဒီဇင်ဘာ၆ရက်နေ့လေးမှာဆိုရင် အသက်၁၈နှစ်ပြည့်သွားပြီဖြစ်ပါတယ်။ညီမချောလေး ထင်သစ္စာကလည်း"Happy Birthday ညီမလေးရဲ့ချစ်ကိုကို လိမ်လိမ်မာမာနေပါ"ဆိုပြီး ငယ်ဘဝပုံရိပ်လေးတွေနဲ့ ဆုမွန်ကောင်းတောင်းပေးထားသလို ဘုန်းမင်းနေလကလည်း မေမေခင်ဇာခြည်ကျော်နဲ့ဖွားဖွားကို Video Call ခေါ်ပြီး ကန်တော့ခဲ့တာဖြစ်ပါတယ်။

Photo Credit:Htin Thitsar&Khin Zarchi Kyawzar's Facebook
Photo Credit:Htin Thitsar&Khin Zarchi Kyawzar's Facebook

မေမေခင်ဇာခြည်ကျော်ကလည်း"Happy Birthday ပါ ချစ် သော သားကြီး ဘုန်းမင်း သားသား ရဲ့ ဒီဇင်ဘာ ၆ ရက် နေ့ မှာ ကျ ရောက်တဲ့ ( ၁၈) နှစ်ပြည့် မွေး နေ့ မှ စ၍ စိတ် ၏ ချမ်းသာခြင်း ...ကိုယ် ၏ကျန်းမာ ခြင်း နဲ့ ပြည့်စုံ ပြီး လိုအင်ဆန္ဒ တွေ ပြည့်ဝပါ စေသားရေ ...သား ပြန် ရောက် မှ မွေးနေ့ အလှူ လုပ် ပေး ပါ ဆို လို့ သားဒီ ဇင်ဘာ ၂၀ ပြန် လာ မှ လုပ် ပေး မယ် နော် Love you so much My Son"ဆိုပြီး ဆုမွန်ကောင်းတောင်းပေးထားပါတယ်နော်။

Photo Credit:Htin Thitsar&Khin Zarchi Kyawzar's Facebook
Photo Credit:Htin Thitsar&Khin Zarchi Kyawzar's Facebook
Photo Credit:Htin Thitsar&Khin Zarchi Kyawzar's Facebook

Photo Credit:Htin Thitsar&Khin Zarchi Kyawzar's Facebook

Video Credit:Khin Zarchi Kyawzar's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။