အနုပညာလောကမှာ ဆယ်စုနှစ်ကျော်တိုင်အောင် အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေသူကတော့ မင်းသမီးချောလေး ဆုမြတ်နိုးဦးပါ။ သူမဟာ ဗီဒီယိုဇာတ်ကားများသာမကပဲ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာတွင်လည်း ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ မင်းသမီးတစ်လက်ပါ။ လတ်တလောမှာလည်း ပွဲအခမ်းအနားများနဲ့ ကြော်ငြာလေးတွေ ရိုက်ကူးနေတာပါ။

Photo Credit - N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ Facebook Page
Photo Credit - N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ Facebook Page
Photo Credit - N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ Facebook Page

ဆုမြတ်နိုးဦးဟာ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်တဲ့ ညီထွဋ်ခေါင် ၊ ကျော်ကျော်နဲ့အတူ အခွီဗီဒီယိုလေးတွေကိုလည်း မကြာခဏရိုက်ကူးကာ ပရိသတ်တွေကို အမြဲဝေမျှလေ့ရှိတာပါ။ ပရိသတ်တွေကလည်း သူတို့ရဲ့ အခွီဗီဒီယိုလေးတွေကိုလည်း တစ်ခဲနက်အားပေးကြတာပါ။ သူတို့ရဲ့ ဗီဒီယိုလေးတွေကို N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ ဆိုတဲ့ Facebook Page မှတစ်ဆင့် တင်ပေးလေ့ရှိတာပါ။  

Photo Credit - N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ Facebook Page
Photo Credit - N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ Facebook Page
Photo Credit - N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ Facebook Page

အခုတစ်ခါမှာလည်း ကုလားသီချင်းလေးဖွင့်ကာ အပီအပြင်ကိုဒွန့်နေကြတဲ့ ကျော်ကျော်နဲ့ဆုမြတ်နိုးဦးတို့ရဲ့ Tik Tok Video လေး တစ်ခုတင်ထားတာပါ။ သူတို့ရဲ့ Facebook Page တွင်လည်း " လာပြန်ပီနော် မျောက်မူးလဲနဲ့ယင်မနားစိန် " ဆိုပြီးရေးသားထားတာပါ။ ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်။

Source and Photo Credit - N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။