ပရိသတ်ကြီးရေ မိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်တဲ့ မထက်ကတော့ မိန်းကလေးဘဝကိုလုံးဝကူးပြောင်းထားတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။မထက်က မိတ်ကပ်လောကမှာလည်း အနုပညာရှင်တွေအားကိုးရပြီး နာမည်ကြီးနေတဲ့သူတစ်ယောက်ဖြစ်သလို အခုနောက်ပိုင်းမှာလည်း အနုပညာအလုပ်တွေကို ချစ်သူငယ်ချင်းတွေနဲ့အတူတူတွဲပြီးလုပ်ဆောင်လာတာဖြစ်ပါတယ်။

Photo Credit:Htet Htet Htet's Facebook
Photo Credit:Htet Htet Htet's Facebook
Photo Credit:Htet Htet Htet's Facebook

မထက်က အနေအေးပြီး ရိုးရှင်းပွင့်လင်းတဲ့သူဖြစ်ပြီး မာန်မာနကင်းမဲ့သူဖြစ်လို့ လူချစ်လူခင်ကလည်းပေါများပါတယ်နော်။အခုလက်တလောမှာဆိုရင်တော့ မထက်က ညီညီမောင်၊လင်းလင်း၊မကြီးစန်းတို့နဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးမှာပါဝင်သရုပ်ဆောင်နေပြီး ရိုက်ကူးရေးအတွက် အညာဒေသကို ရောက်ရှိနေတာဖြစ်ပါတယ်နော်။

Photo Credit:Htet Htet Htet's Facebook
Photo Credit:Htet Htet Htet's Facebook
Photo Credit:Htet Htet Htet's Facebook

မထက်ကတော့ အရမ်းကျွမ်းကျင်တဲ့အနုပညာရှင်တစ်ယောက်မဟုတ်ပေမယ့် ကျရာဇာတ်ရုပ်ကိုပီပြင်ပိုင်နိုင်အောင်သရုပ်ဆောင်ပြီး ခေါင်းအစခြေအဆုံးသေချာပြင်ဆင်ထားတာကြောင့် ပရိသတ်တွေတောင်အံ့သြသွားရပါမယ်နော်။အလန်းစားဖက်ရှင်တွေနဲ့ခပ်မိုက်မိုက်လေးနေတတ်တဲ့မထက်က အခုဆိုရင်တော့ သနပ်ခါးပါးကွက်ကြားလေးနဲ့အညာသူမလေးအသွင်ကိုပြောင်းလဲထားတဲ့ပုံရိပ်လေးကို ပရိသတ်ကြီးအတွက်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Htet Htet Htet's Facebook
Photo Credit:Htet Htet Htet's Facebook
Photo Credit:Htet Htet Htet's Facebook

Photo Credit:Htet Htet Htet's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။