ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ပီပြင်တဲ့ သရုပ်ဆောင်ကောင်းမှုတွေကြောင့် အောင်မြင်မှုတွေ အခိုင်အမာရရှိထားသလို မိန်းကလေးပရိသတ်တွေရဲ့ တခဲနက်အားပေးချစ်ခင်မှုတွေကို အများဆုံးရရှိထားသူကတော့ မင်းသားချောလေး အောင်ရဲထိုက်ပဲ ဖြစ်ပါတယ်နော်..။

ပရိသတ်တွေရဲ့အချစ်တော် မင်းသားချောလေး အောင်ရဲထိုက်ကတော့ ဇာတ်ကားတွေဆက်တိုက်ရိုက်ကူးနေသလို လတ်တလော ရုံတင်ပြသနေတဲ့ “သန်းခေါင်ယံ” ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း အလွမ်းဆိုတဲ့ ဇာတ်ကောင်နာမည်နဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်နော်..။


Photo Credit - Aung Ye Htike’s Facebook
Photo Credit - Aung Ye Htike’s Facebook

အောင်ရဲထိုက်ကိုတော့ “သန်းခေါင်ယံ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ကပ်စေးနဲ ဖွန်ကြောင်ပြီး သွက်တဲ့ အလွမ်းအဖြစ် ပရိသတ်တွေမြင်တွေ့ရမှာဖြစ်ပြီး ရိုက်ကူးခဲ့ကြတဲ့ ခြောက်ခြားစရာ အိမ်ကြီးအကြောင်းကိုလည်း ပြောပြလာခဲ့ပါတယ်နော်..။

ညဘက်တွေ ရိုက်ရတာများပြီး ရိုက်တဲ့အိမ်နေရာကြီးက အရမ်းကိုခြောက်ခြားစရာကောင်းပြီး မီးတွေလည်းမထိုးထားတာမို့ ဒီအတိုင်းမြင်တာနဲ့တင် ခြေတစ်လှမ်းတောင် လှမ်းရဲမှာ မဟုတ်ဘူးဆိုပြီး သွားရောက်ရိုက်ကူးခဲ့တဲ့ အိမ်ကြီးအကြောင်းကို ပြောပြထားတာ ဖြစ်ပါတယ်..။


Photo Credit - Aung Ye Htike’s Facebook
Photo Credit - Aung Ye Htike’s Facebook

“ညဘက်တွေပဲ ရိုက်တဲ့အခါ အိပ်ရေးပျက်တာပဲ ရှိတယ် ဒါပေမယ့်လည်း အကုန်ပျော်ပျော်ရွှင်ရွှင်နဲ့လုပ်ကြတာမို့ အဆင်ပြေပါတယ် ရိုက်တဲ့နေရာကြီးက အရမ်းခြောက်ခြားဖို့ကောင်းတယ် မီးတွေလည်း မထိုးထားဘူးဒီအတိုင်း မြင်တာနဲ့တင် ခြေတစ်လှမ်းတောင်လှမ်းရဲမှာ မဟုတ်ဘူး အိမ်ကြီးက ဒါပေမယ့် စစနောက်နောက်နဲ့ ညီအစ်တွေရိုက်တယ် သွားတယ်လာတယ်ဖြစ်တာမို့ ရှုတင်မှာတော့ မကြုံရဘူး ရိုက်တဲ့နေရာတော့ အရမ်းကြောက်ဖို့ကောင်းတယ်..” ဆိုပြီး အောင်ရဲထိုက်က ပြောပြထားတာပါ..။

ဒီကနေ့လေးမှာတော့ မော်လ်ဒယ်မင်းသားချောလေး အောင်ရဲထိုက်ပြောပြထားတဲ့ ခြောက်ခြားစရာ အိမ်ကြီးအကြောင်း ဗီဒီယိုဖိုင်လေးကိုလည်း ချစ်ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Aung Ye Htike’s Facebook
Photo Credit - Aung Ye Htike’s Facebook

Photo Credit - Aung Ye Htike’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။