ဟောလိဝုဒ်ရဲ့အနုပညာစုံတွဲတွေထဲမှာ ချစ်သက်တမ်း နဲ့အိမ်ထောင်သက်တမ်းအကြာဆုံးအတွဲအဖြစ် လူတိုင်းအားကျရတာကတော့ ဒေးဗစ်ဘက်ခမ်းတို့ဇနီးမောင်နှံပါပဲ။

ကမ္ဘာ့ဘောလုံးလောကရဲ့ အကျော်အမော်တစ်ဦးဖြစ်ခဲ့ တဲ့ ဘောလုံးသမားဟောင်း ဒေးဗစ်ဘက်ခမ်း နဲ့ Spice Girl အဆိုတော်အဖွဲ့ဝင်ဟောင်း ဗစ်တိုးရီးယား တို့ဟာ အခုဆိုရင် သားကြီး(3)ယောက် နဲ့ သမီးထွေးလေး ကို ပိုင်ဆိုင်ထားရပါပြီ။

(၁၉၉၉)ခုနှစ်မှာဗစ်တိုးရီးယားနဲ့လက်ထပ်ခဲ့တဲ့ အသက်(၄၂)နှစ်အရွယ်ဘက်ခမ်းဟာ သူတို့နှစ်ဦးတွေ့ဆုံခဲ့တဲ့ ချစ်သက်လက်ဆောင်အဖြစ် ကျွန်းတစ်ကျွန်းဝယ်ပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ဘက်ခမ်းဟာ မိန်းမဖြစ်သူကို ဝယ်ပေးဖို့ ကျွန်း(၃)ကျွန်းလျာထားပြီး ဘယ်ကျွန်းကိုရွေးချယ်ရမလဲဆိုတာ ဝေခွဲရခက်နေတယ်လို့လည်း Daily star သတင်းက ဖော်ပြထားပါတယ်။

ဒါပေမယ့် အတွင်းလူတစ်ယောက်ရဲ့ ပြောပြချက်အရတော့ ဘက်ခမ်းမျက်စိကျနေတာဟာ ဘဟားမားမြို့တော်က South Berry Islands ကျွန်းတွေအနက် Bird Cay ကျွန်း ဖြစ်မယ်လို့ ဆိုပါတယ်။

အဆိုပါကျွန်းကို ရွေးချယ်ချင်တာဟာ သူတို့နှစ်ဦးပထမဆုံးချိန်းတွေ့ခဲ့စဉ်က နေရာလေးဖြစ်သလို ဗစ်တိုးရီးယားက လူအများရှေ့မှာ သူမရဲ့ခန္ဓာကိုယ်နဲ့ပတ်သက်ပြီးယုံကြည်မှုသိပ်မရှိတော့ဘစ်ကနီမဝတ်ရဲသူဖြစ်တာရယ်ကြောင့် အခုလို သီးသန့်နေရာလေးအဖြစ် သူမကို ဝယ်ပေးချင်တာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါကျွန်းရဲ့ တန်ဖိုးဟာ ဒေါ်လာ(၉)သန်းဖြစ်ပေမယ့် ဘက်ခမ်းတို့လို ဒိတ်ဒိတ်ကျဲချမ်းသာတဲ့မိသားစုအတွက်တော့ မဖြစ်စလောက်ပဲရှိပါသေးတယ်။

ဘက်ခမ်းတစ်ယောက် ဇနီးကိုချစ်လိုက်ပုံများကတော့ သူများတွေအားကျရလောက်အောင်ပါပဲ။ အလုပ်များတဲ့ ဖက်ရှင်ဒီဇိုင်နာ သူ့မိန်းမအတွက် တကယ်အေးအေးလူလူ အနားယူလို့ ကောင်းတဲ့နေရာလေးလို့ တွေးပြီး ဝယ်ပေးရှာတဲ့သဘောပါပဲ။  

သတင်းအရင်းမြစ် Daily Star

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။