ပရိသတ်တွေချစ်ခင်လေးစားရတဲ့ သရုပ်ဆောင်မင်းသားချောလေး မြင့်မြတ်ကတော့ အနုပညာလမ်းကြောင်းပေါ်မှာ နှစ်အတော်ကြာအောင် လျှောက်လှမ်းအောင်မြင်နေတာ ဖြစ်ပါတယ်။ အကယ်ဒမီဆုလည်းရရှိခဲ့ပြီဖြစ်တဲ့ မြင့်မြတ်က ကလေးတစ်ယောက်ဖေဖေအဖြစ် ပျော်ရွှင်စရာမိသားစုဘဝလေးကို တည်ဆောက်ထားနိုင်ပြီလည်း ဖြစ်ပါတယ်။ သားချောလေးတစ်ယောက်ပိုင်ဆိုင်ထားတဲ့ မြင့်မြတ်ကတော့ ချစ်ဇနီးလေးနဲ့အတူ သာယာချမ်းမြေ့စွာနေထိုင်နေတာ ဖြစ်ပါတယ်။

Photo Credit- Myat Wai Tun's FB
Photo Credit- Myat Wai Tun's FB
Photo Credit- Myat Wai Tun's FB

မြင့်မြတ်ရဲ့သားလေးကတော့ အသက်တစ်နှစ်ကျော်အရွယ်ရှိပြီး ပါးဖောင်းဖောင်းလေးတွေနဲ့ အရမ်းချစ်ဖို့ကောင်းတဲ့ ကလေးလေးဖြစ်ပါတယ်။ မြတ်သူလေးလို့ အမည်ပေးထားတဲ့ မြင့်မြတ်ရဲ့သားလေးကိုတော့ ပရိသတ်တွေက ဂျူနီယာမြင့်မြတ်လေးလို့လည်း ချစ်စနိုးနဲ့ခေါ်ဝေါ်ကြတာ ဖြစ်ပါတယ်။ ဂျူနီယာမြင့်မြတ်လေးက ဖေဖေ့လိုပဲ ပရိသတ်တွေရဲ့အချစ်ကို အပြည့်အဝရရှိထားတဲ့ အားလုံးရဲ့အသည်းကျော်လေးဖြစ်ပါတယ်။

Photo Credit- Myat Wai Tun's FB
Photo Credit- Myat Wai Tun's FB
Photo Credit- Myat Wai Tun's FB

အပြင်ထွက်ရရင် အရမ်းပျော်နေတတ်တဲ့ ဂျူနီယာမြင့်မြတ်လေးက အခုလည်း ဈေးဝယ်ထွက်ရတာကို သဘောကျနေတာ ဖြစ်ပါတယ်။ မြတ်သူလေးက တွန်းလှည်းလေးထဲမှာ စတိုင်အပြည့်နဲ့ထိုင်ပြီး ပျော်ရွှင်နေတဲ့အမူအရာလေးတွေက အရမ်းကို အသည်းယားစရာကောင်းနေတာပဲဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ဖေဖေမြင့်မြတ်ရဲ့သား မြတ်သူလေးရဲ့ ချစ်စရာကောင်းတဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit- Myat Wai Tun's FB 

Photo Credit- Myat Wai Tun's FB
Photo Credit- Myat Wai Tun's FB
Photo Credit- Myat Wai Tun's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။