သရုပ်ဆောင်မင်းသမီးချောလေး ယွန်းယွန်းကတော့ ပရိသတ်တွေနဲ့ ငယ်စဉ်ကတည်းက ရင်းနှီးလာခဲ့တာ အခုလိုအရွယ်ရောက်လာတဲ့အချိန်အထိပဲ ဖြစ်ပါတယ်။ ကလေးသရုပ်ဆောင်အဖြစ် ဇာတ်ကားတွေမြောက်များစွာ ရိုက်ကူးခဲ့တဲ့ ယွန်းယွန်းကို ပရိသတ်တွေအားလုံးက သည်းသည်းလှုပ်ချစ်ခင်ကြတာဖြစ်ပါတယ်။ အခုဆိုရင် ယွန်းယွန်းက အပျိုဖြန်းမလေးအရွယ်ရောက်လာပြီး တဖြည်းဖြည်းနဲ့ လှသွေးကြွယ်လာတာ ဖြစ်ပါတယ်။

Photo Credit- Yoon Yoon's FB
Photo Credit- Yoon Yoon's FB
Photo Credit- Yoon Yoon's FB

ပရိသတ်တွေအားလုံးကယွန်းယွန်းကို ချစ်ခင်ရတဲ့အချက်တွေထဲမှာတော့ ချစ်စရာကောင်းတဲ့ ပါးချိုင့်လေးနှစ်ဖက်နဲ့ လှပလွန်းတဲ့ဆံနွယ်ရှည်လေးတွေက မပါမဖြစ်ပါပဲနော်။ ဘာသာရေးလည်းကိုင်းရှိုင်းပြီး စာလည်းတော်တဲ့ယွန်းယွန်းက တက္ကသိုလ်နောက်ဆုံးနှစ်ကျောင်းသူလေးပဲ ဖြစ်ပါတယ်။ ယွန်းက မြန်မာဝတ်စုံလေးတွေကို အမြတ်တနိုးဝတ်ဆင်တတ်ပြီး မဟာဆန်ဆန် လှနေတတ်တာကလည်း ပုရိသတို့ရဲ့အသည်းကိုကြွေစေနိုင်တာဖြစ်ပါတယ်။  

Photo Credit- Yoon Yoon's FB
Photo Credit- Yoon Yoon's FB
Photo Credit- Yoon Yoon's FB

အခုလည်း ယွန်းလေးက ဆံနွယ်ရှည်လေးတွေကို ဖြန့်ချထားပြီး မြန်မာဝတ်စုံလေးနဲ့ အရမ်းလှနေတဲ့ပုံလေးတွေကို မျှဝေထားပါတယ်။ ချစ်စရာကောင်းတဲ့ပို့စ်လေးတွေပေးပြီး မခို့တရို့လေးလုပ်ပြထားတဲ့ ယွန်းယွန်းရဲ့ဟန်ပန်လေးတွေကတော့ ပရိသတ်တွေကြွေမယ်ဆိုရင်လည်း ကြွေနိုင်လောက်ပါတယ်နော်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ယွန်းယွန်းရဲ့မြန်မာဆန်ဆန် အလှပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit- Yoon Yoon's FB

Photo Credit- Yoon Yoon's FB
Photo Credit- Yoon Yoon's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။