အမိုက်စားအသံပါဝါကောင်းကောင်း တေးသီချင်းကောင်းတွေနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ဆယ်စုနှစ်တွေကတည်းက အခိုင်အမာရရှိထားကြတဲ့ အနုပညာရှင်တွေထဲမှာ အဆိုတော် ချောစုခင်နဲ့ တင်ဇာမော်တို့ နှစ်ယောက်ကလည်း အပါအဝင်ပါပဲ..။

တစ်ယောက်နဲ့တစ်ယောက် အရမ်းခင်ကြတဲ့ တင်ဇာမော်နဲ့ ချောစုခင်တို့ သူငယ်ချင်းနှစ်ယောက်ကတော့ နှစ်ပေါင်း(၂၀)ကျော် ခင်မင်လာကြတဲံ သူငယ်ချင်းသံယောဇဉ်တွေအကြောင်း ပြောပြလာပါတယ်နော်..။


Photo Credit - Chaw Su Khin’s Facebook
Photo Credit - Chaw Su Khin’s Facebook

ဂီတသက်တမ်းနှစ်(၂၀)ကျော်ခင်မင်ကြလာပြီး သတ်လိုက် ချစ်လိုက် ရန်ဖြစ်လိုက်နဲ့ ချစ်ရတဲ့သူငယ်ချင်းတွေဖြစ်သလို နှစ်ယောက်လုံး ရိုးရှင်းတာကို ကြိုက်သလို ပွင့်လင်းပြီး အကြိုက်လည်းတူ စိတ်လည်းတူကြတဲ့ သူငယ်ချင်းတွေဖြစ်ပါဆိုပြီး ပြောပြလာတာ ဖြစ်ပါတယ်..။

တစ်ယောက်မျက်လုံး တစ်ယောက်ကြည့်လိုက်တာနဲ့ ပြောချင်တဲ့စကားကို ပြောစရာမလိုတော့အောင် အကြည့်တွေနဲ့တင် သိကြသလို ပြောသင့်တာတွေပြောပေမယ့် တစ်ယောက်နဲ့တစ်ယောက် နာနာကျင်ကျင်ထိခိုက်အောင် မပြောကြဘူးဆိုပြီးတော့လည်း အမှတ်တရလေးတွေကို ပြောပြထားတာပါ..။


Photo Credit - Chaw Su Khin’s Facebook
Photo Credit - Chaw Su Khin’s Facebook

“အနှစ်(၂၀)ကျော် အဆိုတော် တစ်သက် ခင်လာတာ တစ်ယောက်နဲ့တစ်ယောက် တအားနာနာကျင်ကျင် ထိခိုက်အောင် မပြောကြဘူး ပြောစရာ ရှိရင်တော့ ပြောတယ် တစ်ယောက်မျက်လုံးတစ်ယောက်ကြည့်လိုက်တာနဲ့ ပြောချင်တဲ့ စကားကို သိတယ် ပြောစရာမလိုဘူး နှစ်ယောက်လုံး ရိုးရှင်းတာကို ကြိုက်တော့ ပေါင်းဖြစ်တယ် ပွင့်လင်းတဲ့ တည့်တည့်ပဲ ကြိုက်တာတွေလည်းတူတယ် စိတ်ချင်းလည်း တူတယ် တစ်ယောက်နဲ့တစ်ယောက် စိတ်မကောက်ဖြစ်ကြဘူး စိတ်မဆိုးဖြစ်ကြဘူး တစ်ယောက်နဲ့တစ်ယောက် ကြီးကြီးမားမားတွေ မရှိကြဘူး ပြောသင့်တာလေးတွေတော့ ပြောကြတယ်..” ဆိုပြီး နှစ်ယောက်သား ပြောပြထားကြတာ ဖြစ်ပါတယ်..။

ဒီကနေ့လေးမှာတော့ ချောစုခင်နဲ့ တင်ဇာမော်တို့ သူငယ်ချင်းနှစ်ယောက်ရဲ့ အမှတ်တရလေးတွေ ပြောထားကြတဲ့ ချစ်စရာ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်မျှဝေပေးလိုက်ပါတယ်နော်..။

Photo Credit - Chaw Su Khin’s Facebook
Photo Credit - Chaw Su Khin’s Facebook

Photo Credit - Chaw Su Khin’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။