လက်ရှိမှာ " နွေလယ်ညရဲ့လမင်း " ဆိုတဲ့ ဇာတ်လမ်းတွဲလေးနဲ့ ပရိသတ်တွေရဲ့တစ်ခဲနက်အားပေးမှုကိုရရှိထားတဲ့ အနုပညာရှင်တွေကတော့ ဘုန်းရှိန်ခန့်၊ ဟိန်းရတုနဲ့ ခြူးလေးတို့ပဲ ဖြစ်ကြပါတယ်။ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးကို အခြေခံထားတဲ့ ဒီဇာတ်လမ်းတွဲလေးမှာ သူတို့သုံးယောက်က အကောင်းဆုံးပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ အထူးသဖြင့် ပရိသတ်တွေချစ်ရတဲ့ခြူးလေးက ဗီလိန်ဇာတ်ရုပ်နဲ့ ပါဝင်ထားတာဖြစ်ပါတယ်။

Photo Credit- Hein Yatu's FB
Photo Credit- Hein Yatu's FB
Photo Credit-Chue Chue's FB

စိုးစန္ဒာဆိုတဲ့ ကောင်မလေးနေရာကနေ သရုပ်ဆောင်ထားတဲ့ ခြူးလေးကတော့ အိုက်တင်ပီပြင်လွန်းတာကြောင့် ပရိသတ်တွေကြားမှာ နာမည်ကြီးနေတာ ဖြစ်ပါတယ်။ အခုဆိုရင် ခြူးလေးက တစ်နေ့တစ်ခြားအောင်မြင်လာသလို အားပေးသူပရိသတ်တွေလည်း များပြားလာတာ ဖြစ်ပါတယ်။ ပျော်ပျော်နေတတ်တဲ့ ခြူးလေးက သူမချစ်ရတဲ့အနုပညာမောင်နှမတွေနဲ့လည်း ပျော်ပျော်ပါးပါး Tik Tok ကစားလေ့ရှိတာ ဖြစ်ပါတယ်။

Photo Credit-Chue Chue's FB
Photo Credit-Chue Chue's FB
Photo Credit- Hein Yatu's FB

ရိုက်ကူးရေးအားလပ်ချိန်တွေမှာလည်း ခြူးလေးနဲ့ ဟိန်းရတုတို့က နှစ်ယောက်သားအတွဲညီညီနဲ့ Tik Tok ဗီဒီယိုလေးတွေ ရိုက်ကူးဖြစ်ခဲ့ကြပါတယ်။ နာမည်ကြီးဟာသတွေကို အိုက်တင်မျိုးစုံနဲ့ ပြန်လည်သရုပ်ဆောင်ထားတဲ့ သူတို့နှစ်ယောက်ရဲ့ဗီဒီယိုလေးတွေကိုတော့ ပရိသတ်တွေက အကြိုက်တွေ့စေမှာအသေအချာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ခြူးလေးနဲ့ ဟိန်းရတုတို့ရဲ့ Tik Tok ဗီဒီယိုလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit- Chue Lay's FB & Hein Yatu's FB

Video Credit-Chue Lay's Tik Tok & Hein Yatu's Tik Tok 

Photo Credit- Hein Yatu's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။