၂၀၂၀ ဘောလုံးရာသီတွင် အမျိုးသားဒိုင်လူကြီးများ၏ အရည်အသွေးပိုမိုတိုးတက်စေရေးအတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဒိုင်ကော်မတီ ဒိုင်လုပ်ငန်းဌာနမှ ဒီဇင်ဘာလ(၂)ရက်နေ့မှ (၆)ရက်နေ့အထိ ဖွင့်လှစ်ခဲ့သည့် Top Men Referees & Assistant Referees Workshop For 2020 Football Season (Pre-Season)ပိတ်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၆ရက် နေ့လယ် ၁နာရီက သုဝဏ္ဏဘောလုံးကွင်း အစည်းဝေးခန်းမတွင် ကျင်းပခဲ့ပါတယ်။

Photo Credit - MFF
Photo Credit - MFF
Photo Credit - MFF

အဆိုပါ အခမ်းအနားကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ အကြံပေး ဦးဘန်နီတင်အောင်၊ ဒိုင်ကော်မတီဥက္ကဋ္ဌ ဦးဝင်းချို၊ ဒိုင်လုပ်ငန်းဌာန ဒါရိုက်တာဦးထွန်းလှအောင်နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များတက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌအကြံပေး ဦးဘန်နီတင်အောင်နှင့် ဒိုင်ကော်မတီ ဥက္ကဋ္ဌ ဦးဝင်းချိုတို့က အမှာစကားပြောကြားခဲ့ပါသေးတယ်။

Photo Credit - MFF
Photo Credit - MFF
Photo Credit - MFF

သင်တန်းဆရာ ဦးလှမင်းနှင့် သင်တန်းသားတစ်ဦးတို့က သင်တန်းဖွင့်လှစ်ရခြင်း ကောင်းကျိုးများအကြောင်း ‌ပြောကြားခဲ့ပြီး အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးကာအခမ်းအနားကို ပိတ်သိမ်းခဲ့ပါတယ်။၂၀၂၀ ဘောလုံးရာသီမှာစွမ်းရည်ပြည့်ဝတဲ့ အမျိုးသားဒိုင်လူကြီးများ ပေါ်ထွက်လာအောင် ယခုလိုအခမ်းအနားတွေကိုလုပ်ဆောင်ပေးတာကလည်း ကောင်းမွန်တဲ့ရည်ရွယ်ချက်ပဲဖြစ်ပါတယ်။ 

Photo Credit - MFF
Photo Credit - MFF

Source - Myanmar Football Federation 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။