လွှမ်းပိုင်နဲ့ Bobby Soxer တို့စုံတွဲကတော့ ပရိသတ်တွေတော်တော်များများရဲ့ Idol Couple အဖြစ်သတ်မှတ်ခြင်းခံထားရတဲ့ အနုပညာစုံတွဲလေး ဖြစ်ပါတယ်။ ဝါသနာတူ စိတ်တူကိုယ်တူနဲ့ ချစ်သူဘဝကိုတည်ဆောက်ခဲ့ကြတဲ့ လွှမ်းပိုင်တို့စုံတွဲလေးက ဂီတလမ်းကြောင်းပေါ်မှာ အတူလျှောက်လှမ်းနေကြတာ ဖြစ်ပါတယ်။ အခုဆိုရင် သူတို့နှစ်ယောက်ရဲ့ချစ်သူသက်တမ်းကလည်း (၁၀)နှစ်ကျော်တောင် ရှိနေပြီပဲဖြစ်ပါတယ်။

Photo Credit-RBV
Photo Credit-RBV
Photo Credit-RBV

လက်ရှိမှာတော့ လွှမ်းပိုင်က သရုပ်ဆောင်အဖြစ် ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ဆိုသလိုရိုက်ကူးနေရပြီး ချစ်သူဖြစ်တဲ့ B Sox ကလည်း ဘေးကနေအားပေးနေတာ ဖြစ်ပါတယ်။ ပွဲအခမ်းအနားတွေ အတူတူတက်ရောက်လေ့ရှိတဲ့ သူတို့စုံတွဲကိုတော့ ပရိသတ်တွေကအားကျနေရတာဖြစ်ပါတယ်။ အခုလည်း သူတို့စုံတွဲလေးက အားကစားအတူတူလုပ်ရင်း ပျော်ရွှင်နေတဲ့ ပုံလေးတွေကို မျှဝေထားပါတယ်။

Photo Credit-RBV
Photo Credit-RBV
Photo Credit-RBV
Photo Credit-RBV
Photo Credit-RBV
Photo Credit-RBV

လွှမ်းပိုင်နဲ့ B Sox တို့ချစ်သူနှစ်ဦးက တင်းနစ်ရိုက်ရင်း ပျော်ရွှင်စရာအမှတ်တရတွေကို အတူဖန်တီးခဲ့ကြတာပဲဖြစ်ပါတယ်။ တစ်ယောက်တစ်မျိုးစီ အထာကျနေတဲ့ပုံရိပ်တွေကိုတော့ လွှမ်းပိုင်က "December ၏လှုပ်လှုပ်ရှားရှားအားကစား" ဆိုပြီးတင်ထားသလို B Sox ကလည်း "သီချင်းဆိုတတ်တယ် Gameဆော့ရတာဝါသနာပါတယ် အားကစားလိုက်စားတယ် အလဲ့ " ဆိုပြီး တင်လိုက်တာဖြစ်ပါတယ်။ လွှမ်းပိုင်နဲ့ Bobby Soxer တို့ရဲ့အားကစားလုပ်နေတဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source: Hlwan Paing's FB & Htet Htet Aung's FB

Photo Credit-RBV

Photo Credit-RBV
Photo Credit-RBV
Photo Credit-RBV
Photo Credit-RBV
Photo Credit-RBV

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။