Mobile Legends ထဲမှာဆိုရင်တော့ Combo တွဲဆော့လို့ကောင်းတဲ့ Hero တွေအများကြီးရှိပါတယ်။ အဲ့လို Combo ကောင်းတဲ့ Hero နှစ်ယောက်လောက်ပါရင် Battle ဆိုင်တဲ့အခါမှာ တော်တော်လေးကို အဆင်ပြေပါတယ်။ Combo Hero တွေကို သိကြတဲ့သူတွေရှိကြသလို မသိသေးတဲ့သူတွေအတွက်လဲ အခုလိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ များပြားစွာရှိတဲ့ Combo Hero တွေထဲကမှ ခုလက်တလောထွက်ရှိထားကြတဲ့ New Hero တွေရဲ့ Combo တွေကို အရင်ဆုံးဖော်ပြသွားပါမယ်။ Ling နဲ့ပတ်သတ်တဲ့ Combo ကိုအရင်ဆုံးဖော်ပြသွားပါမယ်။ 

Ling ဟာ Assassin Role ဖြစ်တဲ့အတွက် တစ်ကောင်ထဲ ရှေ့ကနေ Battle မဆိုင်သင့်ပါဘူး။ သူရဲ့ Skill Combo ကတော့ ရိုးရှင်းပါတယ်။ နံရံပေါ်မှာ လမ်းလျှောက်နေမယ်.... ရန်သူတွေ့ရင် Skill 2 သုံးမယ်။ ပြီးရင် Skill 2 ထပ်သုံးမယ်။ အဲ့နောက်မှာ Ulti သုံးလိုက်ပြီး Skill 2 နဲ့ လိုက်ပြီးအဆုံးသတ်ပါ...ကျနေတဲ့ဓါးတွေကို ကောက်ဖို့မမေ့ပါနဲ့။ Combo ချိတ်နိုင်တဲ့ Hero တွေကတော့ Tank ထဲမှာဆို Tigeral Ulti, Minotaur Ulti စတဲ့ Aoe Stun ပေးနိုင်တဲ့ Hero တွေနဲ့ဆို မိုက်ပါတယ်။ 

သူ Counter ထောက်လို့အကောင်းဆုံး Hero တွေကတော့ Hero တော်တော်များများ ကပ်လို့မရတဲ့ Kimmy တို့ Irithal တို့ စတဲ့ သူတို့နောက်လိုက်ရင် ကိုယ်တောင်ပြန်သေသွားနိုင်တဲ့ Hero တွေကို Ling အနေနဲ့ အေးဆေး Kill လို့ရပါတယ်။ သူကို Counter ထောက်နိုင်တဲ့သူတွေကတော့ အရင်ကပြောပြခဲ့သူလို Chou တို့ Saber တို့ကအေးဆေးထောက်နိုင်ပါတယ်။ Ling နဲ့အတူအကောင်းဆုံး Teammate ကတော့ Angela လေးပဲဖြစ်ပါတယ်။   

သတင်းအရင်းမြစ် Lord Htun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။