Masha ဆိုတာကတော့ Mobile Legends ထဲက ခပ်ကြမ်းကြမ်း Hero တစ်ယောက်ဖြစ်ပါတယ်။ Role ကတော့ Tank Fighter ပဲဖြစ်ပါတယ်။ သူ့ကိုလဲ ကိုင်ဖူးတဲ့သူတွေရှိသလို မကိုင်ဖူးတဲ့သူတွေလဲ ရှိကြပါတယ်။ High Rank မှာလဲ သူမကို Ban တာ ခပ်ရှားရှားပါပဲ။ ဘာလို့သူမကို High Rank မှာကိုင်သင့်သလဲဆိုတာကို သိကြပါသလား။ အဖြေကတော့ ရှင်းပါတယ်......Other Push Hero တွေထက် Masha Push ချက်တွေက ပိုပြီးကြောက်ဖို့ကောင်းလို့ပါ။Hero တွေကိုဆိုလဲ By 1 ချတဲ့အခါ အေးဆေးသတ်နိုင်ပါတယ်။ Battle ဆိုရင်လဲ သူမဟာ အေးဆေး ဝင်ကြုံးနိုင်ပါတယ်။ Push ချက်ကတော့ ပြောပြစရာမရှိလောက်အောင်ပါပဲ။  

သူမကို ကစားတဲ့အခါ Fighter Emblem ဖြစ်ဖြစ် Assassin Emblem နဲ့ဖြစ်ဖြစ်ကစားပါ။ ဒါကတော့ Admin ရဲ့ အကြံပေး Emblem ပါ..... Tank Emblem နဲ့ဆော့ကစားကြတဲ့ Pro တွေလဲရှိပါတယ်။ Arrival ယူပြီး ဆော့တာကတော့ Admin လို့ အကျင့်မကောင်းတဲ့သူပဲဖြစ်ပါတယ်။ အမြဲတမ်းလို့ Skill 1 ကို ဖွင့်ထားပြီး ရန်သူနဲ့တွေ့ရင် Skill 2 သုံးဖို့မမေ့ပါနဲ့။ Demon Hunter တစ်ခုထွက်တာနဲ့တင် Masha အနေနဲ့ တော်တော်လေး လိုက်ခုတ်လို့ရပါပြီး။ Admin သုံးတဲ့ Item 3 Line ကိုတော့ အောက်မှာဖော်ပြလိုက်ပါတယ်။ သူမကို Rank မှာ Pick သင့်တာက လိပ်ကို ထွက်တာနဲ့ ယူလို့ရမယ်။ လူမရှိတဲ့လမ်းသွားပြီး Push လို့ကောင်းတယ်။  

Battle မှာ သေမှာကို မကြောက်ရဘူး.....ဖြစ်နိုင်ရင် Battle ဆိုင်တဲ့အခါ Ulti မဖွင့်သေးပဲ ဒီတိုင်း မိရာ Hero ကို Skill 2 နဲ့ပိတ်လိုက်ပြီး ခုတ်သာခုတ်နေပါ။ သေခံနီးကျမှ Ulti သုံးလိုက်ပါ....တစ်ဖက်ကောင်က Irithal တို Kimmy တို့ပဲ ဆိုပါဆို။ သူတို့တွေ့ရင် Ulti အရင်မသုံးပါနဲ့ အနီးကို ကပ်ဖို့အတွက် Arrival နဲ့ဖြစ်ဖြစ် Flicker နဲ့ဖြစ်ဖြစ်ကပ်ပြီး ခုတ်ပါ။ ၃ချက်လောက်ခုတ်ပြီးရင် သူတို့လဲ ခုန်ပြီးရင် ( Irrithael ) ဒါမှမဟုတ် Skill 2 ကို Kimmy သုံးပြီးရင် Ulti သုံးပြီး အဆုံးသတ်ပေးလိုက်ပါ။ Hartih ကိုလဲ Masha က Counter ထောက်နိုင်ပါတယ်....ကိုယ်သာသူထက်မြန်ရင်ပေါ့။ Harith ဓါးခင်းပြီတာနဲ့ သူ့ကို Skill 2 နဲ့ Basic Attack မရအောင်လုပ်ပေးလိုက်ပါ။ 

သတင်းအရင်းမြစ် Lord Htun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။