ပရိသတ်တွေရင်ထဲရောက်စေခဲ့တဲ့ ဇာတ်ကားပေါင်းများစွာ ဖန်တီးရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဒါရိုက်တာ ညိုမင်းလွင် ဟာ အနုပညာလောကမှာ ဆယ်စုနှစ်တစ်ခုနီးပါးရပ်တည်နေတာပါ။

ဒီနေ့မေလ(၁၅)ရက်နေ့ကတော့ ညိုမင်းလွင် နဲ့ သူ့ရဲ့ ချစ်ဇနီး ရဲ့ မင်္ဂလာသက်တမ်း(၁၂)နှစ်ပြည့် ဖြစ်တယ်လို့ သိရပါတယ်။

သမီးလေးတွေချည်းပဲနှစ်ယောက်ပိုင်ဆိုင်ထားရပြီဖြစ်တဲ့ ညိုမင်းလွင်ကတော့ သူ့ရဲ့ချစ်ဇနီးဖြစ်သူကို အခုလို စကားလုံးလှလှလေးတွေနဲ့အတူ ဖေ့ဘုတ်မှာ ချစ်စကားဆိုလိုက်ပါတယ်။

""ဆယ့်နှစ်နှစ်တောင်ပြည့်သွားခဲ့ပြီ...

Traders Hotel ရဲ့ Grand Ballroom မှာ ဧည့်သည်တွေကြောက်ကြောက်လန့်လန့်နဲ့တက်ရောက်ခဲ့ကြတဲ့မင်္ဂလာဆောင် အခမ်းအနားတစ်ခုဟာမေလ၊၁၅ ရက်၊၂၀၁၇ ခုနှစ်မှာ ဆယ့်နှစ်နှစ်ပြည့်ပါတယ်...

ပြဿနာတွေ၊အခက်အခဲတွေကိုအတူတကွဖြေရှင်းခဲ့ကြရင်းနဲ့

ဒီနေ့အထိအတူတူရှိနေခွင့်ရတာကိုကကျွန်တော်တို့အတွက် ကံကြမ္မာကပေးတဲ့ဆုလာဘ်တစ်ခုပါ...

လေးရေ...လက်ထပ်ခြင်းဟာ အချစ်ရဲ့သချႋုင်းဆိုရင်

ကိုယ်တို့ ဘယ်တုန်းကမှ မသေဆုံးခဲ့ကြတာ သေချာပါတယ်...

တနည်းအားဖြင့်ပြောရရင်တော့ ဒီနေ့ဟာ...ကိုယ်တို့နှစ်ယောက်ရဲ့ ကိုယ်ပိုင် Judgement Day ပဲပေါ့...

Happy Anniversary...လေး

Yours Hubby,ညိုမင်းလွင်""

လက်တလောမှာတော့ လူအများခြောက်လှန့်ရန်တစ္စေတစ်ကောင်အလိုရှိသည် ရုပ်ရှင်ဇာတ်ကားကြီးကို ဦးဆောင်ရိုက်ကူးနေတာဖြစ်ပါတယ်။  

သတင်းအရင်းမြစ် Nyo min Lwin fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။