ပရိသတ်တွေ ချစ်ခင်အားပေးနေရတဲ့ စုံတွဲလေးကတော့ ရွှေထူးနဲ့ရွှေမှုံတို့အတွဲလေးပါ။ သူတို့နှစ်ယောက်လုံးဟာ အနုပညာလမ်းကြောင်းမှာ အောင်မြင်တဲ့ အနုပညာရှင်နှစ်ယောက်အဖြစ်ရပ်တည်နေကြတာပါ။ ရွှေထူးဟာလည်း အဆိုဘက်တွင်သာမကပဲ သရုပ်ဆောင်အလုပ်ကိုပါ ရွှေမှုံလေးနဲ့အတူလုပ်ကိုင်နေပြီပဲဖြစ်ပါတယ်။
သူတို့နှစ်ယောက်ဟာ ဝေဖန်မှုတွေနဲ့ရင်ဆိုင်ရသော်လည်း တစ်ယောက်လက်ကိုခိုင်ခိုင်တွဲကာလျှောက်လှမ်းနေကြတာပါ။သူတို့နှစ်ယောက်လုံးဟာ လတ်တလောမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးများ ရိုက်ကူးနေရတာပါ။ နှစ်ယောက်လုံးရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကိုလည်း လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ပရိသတ်တွေကို ဝေမျှပေးနေတာပါ။ အခုတစ်ခေါက်တွင်လည်း ရွှေမှုံက သူ့ရဲ့ Facebook myday လေးမှာ ဗီဒီယိုလေးတစ်ခုတင်ထားတာပါ။
ဒါကတော့ ချစ်ခင်ပွန်းက သူမအတွက် တန်ဖိုးကြီး Channel အိတ်လေး လက်ဆောင်ပေးခဲ့တာပါ။ ဒါ့အပြင် ကိတ်မုန့်လေးတွင်လည်း “ Happy Anniversary Candy “ ဆိုပြီး ရေးသားထားတာပါ။ ပရိသတ်တွေအတွက် ဒီသတင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။
Source and Photo Credit - Shwe Hmone Yati’s Facebook Myday
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။