ပရိသတ်ကြီးရေ ကလေးသရုပ်ဆောင်တစ်ယောက်အဖြစ် ရုပ်ရှင်ဇာတ်ကားကြီးတွေအများအပြားမှာ ပါဝင်သရုပ်ဆောင်လာတဲ့ ပြည့်ပြည့်လေးဟာဆိုရင် အနုပညာမှာပါရမီပါတာကြောင့် ကျရာဇာတ်ရုပ်ကို ပီပြင်ပိုင်နိုင်အောင်သရုပ်ဆောင်တဲ့သမီးငယ်လေးပါနော်။ပြည့်ပြည့်လေးကို အရမ်းတော်တယ်လို့ ပရိသတ်တွေကလည်းချီးကျူးကြသလို အနုပညာရှင်တွေကလည်း ဝိုင်းဝန်းပြီးသင်ကြားပြသပေးကြပါတယ်။

Photo Credit:Pyae Pyae's Facebook &wutthmoneshweyi's IG
Photo Credit:Pyae Pyae's Facebook &wutthmoneshweyi's IG
Photo Credit:Pyae Pyae's Facebook &wutthmoneshweyi's IG

အခုဆိုရင်တော့ ပြည့်ပြည့်လေးက အကယ်ဒမီဝတ်မှုံရွှေရည်နဲ့အတူ စင်ကာပူနိုင်ငံကိုသွားရောက်ပြီး Asian Academy Creative Awards ပွဲကြီးကို တက်ရောက်နေတာဖြစ်ပါတယ်။ပြည့်ပြည့်လေးနဲ့ ရွှေကစ်တို့ပါဝင်သရုပ်ဆောင်ထားတဲ့ "လိပ်ပြာစံအိမ်ရုပ်ရှင်ဇာတ်ကားကြီး"က နိုင်ငံတကာဆုပေးပွဲကြီးမှာ ဇကာတင်ပါဝင်ထားတာဖြစ်ပါတယ်။

Photo Credit:Pyae Pyae's Facebook &wutthmoneshweyi's IG
Photo Credit:Pyae Pyae's Facebook &wutthmoneshweyi's IG
Photo Credit:Pyae Pyae's Facebook &wutthmoneshweyi's IG

မနေ့ညမှာတော့ ဆုတွေအသီးသီးရွေးချယ်ကြချိန်မှာ "လိပ်ပြာစံအိမ်"ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ကလေးသရုပ်ဆောင်ပြည့်ပြည့်လေးက Best Actress In A Supporting Roleမှာ ထိုက်ထိုက်တန်တန်ဆုရရှိခဲ့ပါတယ်နော်။ရွှေကစ်လေးကလည်း ပြည့်ပြည့်အတွက် ဝမ်းသာဂုဏ်ယူပြီး ပျော်ရွှင်နေတာဖြစ်လို့ ဆုပေးပွဲပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Pyae Pyae's Facebook &wutthmoneshweyi's IG
Photo Credit:Pyae Pyae's Facebook &wutthmoneshweyi's IG
Photo Credit:Pyae Pyae's Facebook &wutthmoneshweyi's IG

Photo Credit:Pyae Pyae's Facebook &wutthmoneshweyi's IG

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။