ပရိသတ်ကြီးရေ အကယ်ဒမီအိန္ဒြာကျော်ဇင်နဲ့အကယ်ဒမီပြေတီဦးတို့ နှစ်ယောက်ကတော့ အေးအတူပူအမျှနဲ့လက်တွဲနေကြပြီး ချစ်ခင်ကြင်နာနေကြတဲ့ ဇနီးမောင်နှံနှစ်ယောက်ပဲဖြစ်ပါတယ်။ပြေတီဦးနဲ့အိန္ဒြာကျော်ဇင်တို့နှစ်ယောက်က ယနေ့ချိန်ထိတိုင် အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်ပြီး ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုတွေနဲ့ရပ်တည်နေတာပဲဖြစ်ပါတယ်။

Photo Credit:Eaindra Kyaw Zin's Page
Photo Credit:Eaindra Kyaw Zin's Page

အိန္ဒြာကျော်ဇင်က သမီးတစ်ယောက် သားတစ်ယောက်ကိုလည်းမွေးဖွားထားတာ‌ကြောင့် ပျော်ရွှင်စရာမိသားစုကမ္ဘာလေးကို ပိုင်ဆိုင်ထားတာပါနော်။သားနဲ့သမီးကလည်း ချစ်မွှေးလေးတွေပါကြပြီး တီတီတာတာလေးတွေပြောဆိုတတ်လို့ လူချစ်လူခင်ပေါများပါတယ်။အိန္ဒြာကျော်ဇင်နဲ့ပြေတီဦးတို့နှစ်ယောက်ကလည်း ကလေးတွေကို အကောင်းဆုံးပြုစု‌ပျိုးထောင်ပေးနေကြတာပါ။

Photo Credit:Eaindra Kyaw Zin's Page
Photo Credit:Eaindra Kyaw Zin's Page

သားနဲ့သမီးက ပညာရေးမှာလည်းထူးချွန်ကြပြီး ဘက်စုံတော်တဲ့ ကလေးလေးတွေဖြစ်ပါတယ်။အခုဆိုရင်လည်း အိန္ဒြာကျော်ဇင်ရဲ့သားငယ်လေးက ကျောင်းမှာဆုရရှိတာကြောင့် မေမေအိန္ဒြာကျော်ဇင်က သားသားအတွက်အရမ်းဂုဏ်ယူနေရပါတယ်။ပရိသတ်ကြီးလည်း ဖိုးဓီလေးအတွက် ဝမ်းသာရအောင်လို့ ပုံရိပ်လေးကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Eaindra Kyaw Zin's Page
Photo Credit:Eaindra Kyaw Zin's Page

Photo Credit:Eaindra Kyaw Zin's Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။