အပြုံးချိုချိုလေးတွေအောက်မှာ ပုရိသတွေကျရှုံးရအောင်ဆွဲဆောင်နိုင်သူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး စိုးပြည့်သဇင်ပါ။ သူမဟာ အသက်ငယ်ငယ်လေးနဲ့ အကယ်းမီထူးချွန်ဆုကိုပါ ရရှိပိုင်ဆိုင်ထားသူ မင်းသမီးလေးတစ်လက်ပါ။ ကလေးတစ်ယောက်လို ဖြူစင်ရိုးသားလွန်းတာကြောင့်လည်း ပရိသတ်တွေက အချစ်ပိုနေရတာပါ။

Photo Credit - Soe Pyae Thazin’s Facebook
Photo Credit - Soe Pyae Thazin’s Facebook
Photo Credit - Soe Pyae Thazin’s Facebook

စိုးပြည့်ဟာ သရုပ်ဆောင်ဘက်တွင်သာမက အဆိုဘက်မှာလည်း ထူးချွန်သူတစ်ယောက်ပါ။ မကြာခဏဆိုသလို နယ်ဖျော်ဖြေပွဲတွေလည်း သွားရောက်သီဆိုနေရတာပါ။ သူမရဲ့အနုပညာလှုပ်ရှားမှုတွေကိုလည်း လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့်ဝေမျှပေးနေတာပါ။ အခုမှာလည်း သူမရဲ့ငယ်ဘဝပုံရိပ်လေးကို ဝေမျှထားတာပါ။ 

Photo Credit - Soe Pyae Thazin’s Facebook
Photo Credit - Soe Pyae Thazin’s Facebook
Photo Credit - Soe Pyae Thazin’s Facebook

" မှတ်မိသေးတယ်.....၆တန်းကျောင်းသူအရွယ်..အေရိုးဗစ်ပြိုင်ပွဲဝင်ချင်တဲ့သူစာရင်းပေးပါဆိုတော့...အေးရိုးဗစ်ကချင်တယ်ပြိုင်ချင်တယ်ဆိုပြီးကို့ဘာသာစာရင်းပေးခဲ့တယ်..(မေမေတို့ကအိမ်ရောက်မှသိရတာ)နေ့လည်လောက်ဆိုရင်အကလေ့ကျင့်ရပြီ....အရမ်းပျော်တာဘဲ.....တစ်ရက်ကျတော့ဆရာမကကိုယ့်ကိုခေါင်းဆောင်ရွေးလိုက်ပါလေရော....အဲ့ဒါနဲ့အေရိုးဗစ်ခေါင်းဆောင်ဖြစ်ပြီးတော့ဒီဇင်ဘာလဆိုရင်...ကျောင်းအလိုက်လွတ်လပ်ရေးကွင်းထဲမှာအေရိုးဗစ်ကကြရတယ်...ပျော်ခဲ့ရတဲ့အမှတ်တရလေးတွေပေါ့နော်....ဒီပုံလေးပြန်တွေ့တာနဲ့သတိရသွားလို့အမှတ်တရတင်လိုက်ပါတယ်ရှင်.." ဆိုပြီး ရေးသားထားတာပဲဖြစ်ပြီး ပရိသတ်တွေအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Source and Photo Credit - Soe Pyae Thazin’s Facebook 

Photo Credit - Soe Pyae Thazin’s Facebook
Photo Credit - Soe Pyae Thazin’s Facebook
Photo Credit - Soe Pyae Thazin’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။