အဆိုတော်၊သရုပ်ဆောင် စန္ဒီမြင့်လွင်ကတော့ အောင်မြင်တဲ့အနုပညာရှင်တစ်ဦးအဖြစ် ပရိသတ်တွေရဲ့အားပေးမှုများစွာရရှိနေတာပဲ ဖြစ်ပါတယ်။ သူမရဲ့သီချင်းတော်တော်များကလည်း ပရိသတ်တွေကြားမှာ ရေပန်းစားပြီး အတော်လေးအောင်မြင်နေတာ ဖြစ်ပါတယ်။ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာလည်း အနုပညာအလုပ်တွေကို လုပ်ကိုင်နေတဲ့ စန္ဒီမြင့်လွင်က သမီးလေးတစ်ယောက် ပိုင်ဆိုင်ထားရပြီလည်း ဖြစ်ပါတယ်။

Photo Credit - Sandy Myint Lwin's FB
Photo Credit - Sandy Myint Lwin's FB
Photo Credit - Sandy Myint Lwin's FB

လက်ရှိမှာတော့ စန္ဒီမြင့်လွင်က ချစ်ခင်ပွန်း၊ သမီးလေးတို့နဲ့အတူ သာယာချမ်းမြေ့တဲ့မိသားစုဘဝလေးမှာ သိုက်သိုက်ဝန်းဝန်းနဲ့ ပျော်ရွှင်နေတာ ဖြစ်ပါတယ်။ သီချင်းအသစ်တွေလည်းဖန်တီးနေတဲ့ စန္ဒီမြင့်လွင်က အခုတော့ သူငယ်ချင်းတွေနဲ့အတူ အပန်းဖြေခရီးထွက်နေတာ ဖြစ်ပါတယ်။ စန္ဒီမြင့်လွင်က ချစ်ခင်ပွန်းအပါအဝင် မပုံ့၊ ခင်လေးနွယ်၊ ယုသန္တာတင်တို့အဖွဲ့နဲ့ ငပလီကိုရောက်ရှိနေတာပဲ ဖြစ်ပါတယ်။

Photo Credit - Sandy Myint Lwin's FB
Photo Credit - Sandy Myint Lwin's FB
Photo Credit - Sandy Myint Lwin's FB
Photo Credit - Sandy Myint Lwin's FB

အခုလည်း စန္ဒီမြင့်လွင်က '' ဘယ်သူတွေက ဘယ်လောက်ဝင်ငွေရနေတာလဲ ဘယ်သူတွေက ဘာကားတွေ စီးနေတာလဲ ဘယ်သူတွေက ဘာအိတ်တွေသုံးနေတာလဲဆိုတာထက်ဘယ်သူက ဘဝမှာ ဘယ်လောက်ပျော်နေလဲဆိုတာက အရေးကြီးဆုံးပဲမလား။Life is way too short for bad vibes! '' ဆိုပြီး ခရီးသွားပုံရိပ်လေးတွေကို တင်ပေးထားတာဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် လူစုံတက်စုံနဲ့ခရီးသွားရင်း ပျော်ရွှင်နေတဲ့ စန္ဒီမြင့်လွင်ရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit - Sandy Myint Lwin's FB

Photo Credit - Sandy Myint Lwin's FB
Photo Credit - Sandy Myint Lwin's FB
Photo Credit - Sandy Myint Lwin's FB
Photo Credit - Sandy Myint Lwin's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။