ပရိသတ်ကြီးရေ သားချောချောလတစ်ယောက်ကိုမွေးဖွားထားတဲ့ ပိုးအိအိခန့်ကတော့ ချစ်ရတဲ့ခင်ပွန်းနဲ့အတူ သားလေးကို သေချာပြုစုပျိုးထောင်ပေးနေတာပဲဖြစ်ပါတယ်။ပိုးအိအိခန့်တို့ဇနီးမောင်နှံက သားလေးကို ကိုကိုးလို့ချစ်စနိုးခေါ်ဝေါ်ကြပြီး နာမည်ရင်းကိုတော့ သွင်ဦးဟန်လို့ ပေးထားတာပါ။ကိုကိုးလေးက ဖေဖေအောင်သူနဲ့ချွတ်စွပ်တူပြီး ချစ်မွှေးပါတဲ့ရုပ်ရည်လေးပါနော်။

Photo Credit:Poe Ei Ei Khant's Facebook
Photo Credit:Poe Ei Ei Khant's Facebook
Photo Credit:Poe Ei Ei Khant's Facebook

မကြာသေးခင်ရက်ပိုင်းအတွင်းကမှ ပိုးအိအိခန့်တို့မိသားစုက ကမ်းခြေဘက်ကို ခရီးထွက်ခဲ့ကြပြီး မိသားစုသုံးယောက်တည်းအေးချမ်းစွာ အပန်းဖြေခဲ့ကြပါတယ်။ကိုကိုးလေးကလည်း ပထမဆုံးခရီးစဉ်လေးမှာ အရမ်းပျော်ရွှင်နေပြီး မေမေ ဖေဖေတို့နဲ့အတူ ပျော်ပျော်ရွှင်ရွှင်ရေကူးပြီး ကစားနေတာဖြစ်ပါတယ်။

Photo Credit:Poe Ei Ei Khant's Facebook
Photo Credit:Poe Ei Ei Khant's Facebook
Photo Credit:Poe Ei Ei Khant's Facebook

ပိုးအိအိခန့်ကလည်း သားလေးကိုနွေးထွေးတဲ့မေတ္တာတရားတွေအပြည့်အဝပေးပြီး ကျန်းကျန်းမာမာနဲ့ကြီးပြင်းလာအောင်ဂရုစိုက်နေတာပါ။အခုဆိုရင်တော့ ပိုးအိအိခန့်တို့သားအမိနှစ်ယောက်က ပျင်းပျင်းနဲ့ဓာတ်ပုံရိုက်နေကြတာဖြစ်ပါတယ်။မေမေနဲ့အတူချစ်စရာအမူအရာလေးတွေနဲ့ ချစ်ဖို့ကောင်းနေတဲ့ ကိုကိုးလေးရဲ့ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Poe Ei Ei Khant's Facebook
Photo Credit:Poe Ei Ei Khant's Facebook
Photo Credit:Poe Ei Ei Khant's Facebook

Photo Credit:Poe Ei Ei Khant's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။