ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်တဲ့ အကယ်ဒမီနန္ဒာလှိုင်ကတော့ အနုပညာအလုပ်တွေကို မလုပ်ဆောင်တော့ပါဘူးနော်။မိသားစုကိုသာအချိန်ပေးဂရုစိုက်နေတဲ့အပြင် ဘက်စုံတော်တာကြောင့် စီးပွားရေးမှာလည်း အောင်မြင်နေတဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။နန္ဒာလှိုင်ရဲ့မိသားစုလေးက အရမ်းပျော်ရွှင်စရာကောင်းပြီး နွေးထွေးမှုအပြည့်ရှိပါတယ်။

Photo Credit:Nandar Hlaing's Facebook
Photo Credit:Nandar Hlaing's Facebook
Photo Credit:Nandar Hlaing's Facebook
Photo Credit:Nandar Hlaing's Facebook

နန္ဒာလှိုင်က ချစ်စရာသမီးလေးသုံးယောက်ကိုမွေးဖွားထားပြီး ချစ်ခင်ပွန်းနဲ့အတူ ပျော်ရွှင်စရာမိသားစုကမ္ဘာလေးကို တည်ဆောက်ထားတာပါနော်။နန္ဒာလှိုင်ကလည်း ယနေ့အချိန်ထိ ဟိုးအရင်တုန်းကအလှတွေကိုပိုင်ဆိုင်ထားပြီး ကျက်သရေရှိစွာ နုပျိုနေဆဲဖြစ်ပါတယ်။နန္ဒာလှိုင်ရဲ့ချစ်ခင်ပွန်းကလည်း ဇနီးသည်ကိုအရမ်းချစ်တာကြောင့် အမြဲစိတ်ပျော်ရွှင်အောင်ထားတာပါနော်။

Photo Credit:Nandar Hlaing's Facebook
Photo Credit:Nandar Hlaing's Facebook
Photo Credit:Nandar Hlaing's Facebook
Photo Credit:Nandar Hlaing's Facebook

လက်တလောမှာဆိုရင် နန္ဒာလှိုင်က အလုပ်ကိစ္စတွေအတွက်ခရီးထွက်နေရပြီး အခုဆိုရင်လည်း တောင်ပေါ်ဒေသလေးကို ရောက်ရှိနေပါတယ်နော်။နန္ဒလှိုင်ရဲ့ ချစ်ခင်ပွန်းကတော့ ဖိလစ်ပိုင်သွားမယ့်ခရီးစဉ်ကိုဖျက်ပြီး ချစ်ဇနီးကိုလိုက်ပို့ပေးတာဖြစ်ပါတယ်။နန္ဒာလှိုင်တို့ဇနီးမောင်နှံနှစ်ယောက်ကတော့ အေးအတူပူအမျှနဲ့အရမ်းကြင်နာကြလို့ ကြည်နူးစရာလေးပါပဲနော်။

Photo Credit:Nandar Hlaing's Facebook
Photo Credit:Nandar Hlaing's Facebook
Photo Credit:Nandar Hlaing's Facebook
Photo Credit:Nandar Hlaing's Facebook

Photo Credit:Nandar Hlaing's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။