ဆွဲဆောင်မှုရှိတဲ့ ကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားတဲ့ သင်ဇာဝင့်ကျော်ကတော့ ယောကျ်ားလေးပရိသတ်တွေကြားမှာ အထူးရေပန်းစားနေတာ ဖြစ်ပါတယ်။ နှစ်အတော်ကြာအောင် အနုပညာအလုပ်တွေကို လုပ်ကိုင်လာခဲ့တဲ့ သင်ဇာဝင့်ကျော်က အခုနောက်ပိုင်းမှာ ပိုမိုအောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။ သူမရဲ့ထူးခြားတဲ့ ပွဲတက်ဖက်ရှင်တွေကြောင့် ပရိသတ်တွေက စိတ်ဝင်တစားစောင့်ကြည့်နေရတာလည်း ဖြစ်ပါတယ်။

Photo Credit - Amazing Grace
Photo Credit - Amazing Grace
Photo Credit - Amazing Grace

အသက် (၃၂)နှစ်ရှိပြီဖြစ်တဲ့ သင်ဇာဝင့်ကျော်က ရှိရင်းစွဲအသက်အရွယ်ထက် နုပျိုပြီး အရွယ်တင်လှပနေဆဲ ဖြစ်ပါတယ်။ သင်ဇာက နေရာဒေသနဲ့ကိုက်ညီအောင် ဝတ်စားဆင်ယင်တတ်တာကြောင့် ပရိသတ်တွေကအချစ်ပိုနေရတာ ဖြစ်ပါတယ်။ သင်ဇာက လုံလုံခြုံခြုံမြန်မာဝတ်စုံလေးတွေနဲ့ဆိုရင်လည်း ကျက်သရေရှိပြီး လှပတင့်တယ်နေတာ ဖြစ်ပါတယ်။

Photo Credit - Amazing Grace
Photo Credit - Amazing Grace
Photo Credit - Amazing Grace
Photo Credit - Amazing Grace

အခုလည်း သင်ဇာဝင့်ကျော်က အဖြူရောင်မြန်မာဝတ်စုံလေးကို အမြတ်တနိုးဝတ်ဆင်ပြီး အေးချမ်းတည်ငြိမ်စွာ လှနေခဲ့တာ ဖြစ်ပါတယ်။ သင်ဇာက ရိုးရိုးယဉ်ယဉ်ဖက်ရှင်လေးတွေနဲ့ဆိုရင် မြင်သူတိုင်း ရင်အေးရလောက်အောင် လှနေတတ်တာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး သင်ဇာဝင့်ကျော်ရဲ့မြန်မာဆန်ဆန် အလှပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source: Thinzar Wint Kyaw's FB

Photo Credit - Amazing Grace

Photo Credit - Amazing Grace
Photo Credit - Amazing Grace
Photo Credit - Amazing Grace
Photo Credit - Amazing Grace

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။