သရုပ်ဆောင် မင်းသမီးချောလေးတွေဖြစ်ကြတဲ့ မိုးယုစံနဲ့ သဉ္ဇာနွယ်ဝင်းတို့နှစ်ယောက်ကတော့ ပျော်ရွှင်စရာမိသားစုဘဝလေးတွေကို အသီးသီးပိုင်ဆိုင်ထားကြပြီ ဖြစ်ပါတယ်။ မိုးယုစံကတော့ ကောင်းသိင်္ခသူမိုးသူဆိုတဲ့သားလေးတစ်ယောက်ကို မွေးဖွားထားသလို သဉ္ဇာနွယ်ဝင်းကလည်း Peach လေးဆိုတဲ့သားလေးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့သားလေးတွေက သက်တူရွယ်တူလေးတွေဖြစ်ကြပြီး ပရိသတ်တွေအားလုံးရဲ့အချစ်တော်လေးတွေလည်း ဖြစ်ကြပါတယ်။

Photo Credit- Kaung Theinkha Moethu's FB
D
Photo Credit- Kaung Theinkha Moethu's FB
Photo Credit- Kaung Theinkha Moethu's FB

မိုးယုနဲ့ သဉ္ဇာတို့က အချင်းချင်းရင်းနှီးကြသလို သားလေးနှစ်ယောက်ကလည်း ညီအစ်ကိုတွေလိုချစ်ခင်နေကြတာ ဖြစ်ပါတယ်။ မကြာသေးခင်ကလည်း မိုးယုစံတို့သားအမိနှစ်ယောက်က သဉ္ဇာနွယ်ဝင်းတို့အိမ်ကိုအလည်သွားရောက်ခဲ့ကြပါတယ်။ အဆော့မက်တဲ့ Peachလေးတို့နှစ်ယောက်ကတော့ အတူဆုံတွေ့တုန်းမှာ အားရပါးရဆော့ကစားခဲ့ကြတာ ဖြစ်ပါတယ်။

Photo Credit- Kaung Theinkha Moethu's FB
Photo Credit- Kaung Theinkha Moethu's FB
Photo Credit- Kaung Theinkha Moethu's FB
Photo Credit- Kaung Theinkha Moethu's FB

နှစ်ယောက်ပေါင်းပြီး အပီအပြင်ဆော့ကစားနေတဲ့ သားလေးတွေရဲ့ပုံလေးတွေကိုတော့ မိုးယုစံက ''သားသား peace lay ဆီလည်လည်သွား နှစ်ယောက်သားဆော့ချက်ကတော့မြင်တဲ့အတိုင်းပဲ '' ဆိုပြီးတင်ပေးထားတာ ဖြစ်ပါတယ်။ ပျော်ပျော်ရွှင်ရွှင် ဆော့နေကြတဲ့ Peachလေးနဲ့ Austin လေးတို့ကတော့ အရမ်းကိုချစ်ဖို့ကောင်းနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မိုးယုရဲ့သား Austin လေးနဲ့ သဉ္ဇာနွယ်ဝင်းရဲ့သား Peachလေးတို့ရဲ့ချစ်စရာပုံလေးတွေကို ပြနိလည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit- Kaung Theinkha Moethu's FB

Photo Credit- Kaung Theinkha Moethu's FB
Photo Credit- Kaung Theinkha Moethu's FB
Photo Credit- Kaung Theinkha Moethu's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။