ရှမ်းယူနိုက်တက်အသင်းသည် အသင်းအတွက် လိုအပ်နေသည့် ဗဟိုခံစစ်မှူးတစ်ဦးအား စာချုပ် ချုပ်ဆို ခေါ်ယူခဲ့ပြီဖြစ်ပါတယ်။ အရပ် ၅ ပေ ၉ လက်မ ရှိတဲ့ ဒန်နီရယ်လ်ဟာ ၂၀၁၈ ခုနှစ်မှာတော့ ဘင်္ဂလားဒေ့ရ်ှပရီးမီးယားကလပ်အသင်း ချစ်တကောင်းအသင်းကို ပြောင်းရွှေ့ကစားခဲ့ပါတယ်။ ချစ်တကောင်း အသင်းမှာ တစ်ရာသီ ကစားခဲ့ပြီး အခု ရှမ်းယူနိုက်တက်ကို ပြောင်းရွှေ့လာခြင်းဖြစ်ပါတယ်။

photo credit :shan united fc 's facebook
photo credit :shan united fc 's facebook

ရှမ်းယူနိုက်တက်အသင်းမှာ ကစားခွင့်ရလို့ ပျော်ပါတယ်။ AFC ပွဲတွေ ကစားရမှာဖြစ်တဲ့အတွက် အသင်းကို AFC ပွဲစဉ်တွေမှာ အောင်မြင်မှုရအောင် အားဖြည့်ကစားချင်ပါတယ်။ ကျနော့်အနေနဲ့ AFC Cup ပြိုင်ပွဲကို (၈) ကြိမ် ကစားခဲ့ဖူးတာမို့ ဒီအတွေ့အကြုံတွေကို ရှမ်းယူနိုက်တက်အသင်းအတွက် ကောင်းကောင်း အသုံးချသွားမှာပါ” လို့ ဒန်နီရယ်လ်က သူ့ရဲ့ခံစားချက်ကို ပြောပြပါတယ်။

photo credit :shan united fc 's facebook
photo credit :shan united fc 's facebook

ဒန်နီရယ်လ်၏ စာချုပ်မှာ ၂၀၁၉ ဒီဇင်ဘာ (၁) ရက်နေ့မှ ၂၀၂၀ ဧပြီလ (၃၀) ရက်နေ့အထိ (၅) လ သက်တမ်းဖြစ်ပြီး အဆိုပါ ကာလအတွင်း နှစ်ဘက်သဘောတူညီမှုဖြင့် စာချုပ်သက်တမ်းတိုးရန် ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ ယခင်က ကွင်းလယ်ကစားသမား မက်ဆီမင်နှင့် အဘူဘာကာ၊ တိုက်စစ်မှူး ကိသ်နားတို့ကို ခေါ်ယူထားသည့်အတွက် ယခုအခါ ရှမ်းယူနိုက်တက်အသင်းသည် နိုင်ငံခြားကစားသမား (၄) ဦး အပြည့် ခေါ်ယူပြီးစီးပြီဖြစ်ပါတယ်။

source: shan united fc 's facebook 

photo credit :shan united fc 's facebook
photo credit :shan united fc 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။