ပရိသတ်ကြီးရေ အဆိုတော်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ဆုပန်ထွာကတော့ အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ကိုင်နေဆဲဖြစ်ပါတယ်။လုံခြုံမှုအပြည့်ပေးပြီးအရမ်းကြင်နာတတ်တဲ့ခင်ပွန်းကောင်းတစ်ယောက်ကိုလည်းပိုင်ဆိုင်ထားသလို စကားလေးတွေတီတီတာတာပြောတတ်တဲ့ ချစ်စရာသားသားလေးကိုလည်း မွေးဖွားထားတာကြောင့် ပျော်ရွှင်ချမ်းမြေ့စရာမိသားစုလေးပါပဲနော်။

Photo Credit:Supan Htwar's Facebook
Photo Credit:Supan Htwar's Facebook

ဆုပန်ထွာကလည်း အိမ်ရှင်မကောင်းတစ်ယောက်ပီသစွာနဲ့ ချစ်ခင်ပွန်းနဲ့သားလေးကို လိုလေသေးမရှိအောင်ဂရုစိုက်ပေးတာဖြစ်ပါတယ်။Roar Roar လေးကတော့ ကျောင်းတက်နေတဲ့အရွယ်ရောက်ပြီး မိဘအပေါ်မှာလည်း သိတတ်ကာ လိမ္မာရေးခြားလည်းရှိပါတယ်နော်။အခုဆိုရင်တော့ ဆုပန်ထွာတို့မိသားစုသုံးယောက်က ခြံထဲဆင်းပြီး မိသားစုပါတီသေးသေးလေးလုပ်နေကြတဲ့အကြောင်းလေးကို မျှဝေလာတာပါ။

Photo Credit:Supan Htwar's Facebook
Photo Credit:Supan Htwar's Facebook

"ဆောင်းတွင်းခြံထဲမှာအေးစိမ့်နေတာပဲ။စိတ်ချမ်းသာလိုက်တာရင်ထဲထိရှင်းပြီးအေးနေတာခံစားမိပါရဲ့။ဒီခြံကြီးဝယ်နိုင်ဖို့ လင်မယားနှစ်ယောက် သူလည်းအလုပ်‌ တွေတအားကြိုးစား၊ ကိုယ်လည်းအလုပ်မှန်သမျှမနားမနေကြိုးစားလုပ်ရင်း ပိုက်ဆံတွေကုတ်ကပ်ဆု၊ ကြိုးစားဝယ်ခဲ့ရတာလေး သတိရတယ်။ ဘဝဆိုတာလွယ်လွယ်ကျော်ဖြတ်ခွင့်ရတာမှ မဟုတ်ပဲ။ နှစ်ယောက်သားကိုယ့်ခြေထောက်ပေါ်ကိုယ်ကြိုးစားရပ်တည်ကြရင်း၊ရင်ဆိုင်ခဲ့ကြရတာမို့ ....ဘဝမှာနေထိုင်ခွင့်ကျတော့ကိုယ့်စိတ်ထဲ ပိုအရသာရှိလှပါတယ်။"ဆိုပြီး မိသားစုပုံရိပ်လေးတွေကို မျှဝေလာတာဖြစ်ပါတယ်။

Photo Credit:Supan Htwar's Facebook
Photo Credit:Supan Htwar's Facebook

Photo Credit:Supan Htwar's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။