ရန်ကုန်ယူနိုက်တက်အသင်း နိုင်ငံခြားကစားသမား ခေါ်ယူမှုအဖြစ် ဘာကီနာဖာဆို နောက်ခံလူ အဘူဘာကာ ကွန်ဂို ကို တစ်ရာသီစာချုပ်ဖြင့်ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။“ရန်ကုန်ယူနိုက်တက်အသင်းက တကယ်ကို အသင်းကြီးတစ်သင်းဖြစ်ပြီး အောင်မြင်မှုတွေ ဆာလောင်တဲ့အသင်းလည်း ဖြစ်ပါတယ်။ ရန်ကုန်အသင်းကို လာဖို့ ကမ်းလှမ်းခံရတုန်းက တကယ်ကို ပျော်ရွင်မိပါတယ်။ အသင်းကလည်း နိုင်ငံတကာပြိုင်ပွဲတွေကို ယှဉ်ပြိုင်ဖို့ ရှိနေတယ်။ ပထမဦးဆုံးအနေနဲ့ အသင်းနဲ့အတူ ချန်ပီယံဖြစ်အောင်ကြိုးစားမယ်။ ဒုတိယအနေနဲ့ အသင်းအတွက် ပေးဆပ်ပြီး အကောင်းဆုံးကစားသွားမယ်။” ဟု ပြောခဲ့ပါတယ်။

photo credit : yangon united 's facebook
photo credit : yangon united 's facebook

အသက် ၂၇ နှစ်အရွယ်ရှိ ဘာကီနာဖာဆိုနိုင်ငံသားသည် ၂၀၀၈ မှစတင်ကာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို စတင်ခဲ့ပြီး မိုရိုကိုကလပ်အသင်းများတွင် ၂၀၁၆ မှ၂၀၁၈ ခုနှစ်ထိ ခြေစွမ်းပြကစားခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ ထို့နောက် ၂၀၁၈ ခုနှစ်တွင် တူနီးရှားကလပ်၊ ထိုမှတဆင့် အိုမန်ကလပ် ဆိုဟာသို့ အငှားပြောင်းရွှေ့ကစားခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် မိုရိုကိုကလပ် စီဒီကာဆင် သို့ ပြန်လည်ရောက်ရှိခဲ့ပါတယ်။

photo credit : yangon united 's facebook
photo credit : yangon united 's facebook

ရန်ကုန်အသင်းကို အာပေးနေကြတဲ့ ပရိသတ်များကို အဘူဘာက ယခုလိုပဲပြောကြားခဲ့ပါတယ်။ “အသင်းရဲ့ပရိသတ်တွေလည်း ကျွန်တော်တို့အသင်းကို အားပေးကြပါ။ ပွဲစဉ်တိုင်းကိုလာကြည့်ပြီး အကောင်းဆုံးသော ဘောလုံးရသအပြည့်ကိုခံစားကြည့်ကြပါ။ ကျွန်တော်တို့ဘက်ကလည်း ပရိသတ်တွေ အားပေးရကျိုးနပ်အောင် ယှဉ်ပြိုင်သွားပါမယ်။

source: yangon united 's facebook

photo credit : yangon united 's facebook
photo credit : yangon united 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။