မင်းသမီးချော ခိုင်သင်းကြည်ကတော့ သရုပ်ဆောင်စွမ်းရည်ပြည့်ဝတဲ့ ဝါရင့်အနုပညာရှင်တစ်ယောက်ဆိုတာ အထူးတလည်ပြောပြစရာမလိုလောက်အောင်ကို အားလုံးကသိပြီးသားဖြစ်ကြမယ် ထင်ပါတယ်။ ကျရာဇာတ်ရုပ်မျိုးစုံကို ပီပြင်အသက်ဝင်အောင် သရုပ်ဆောင်နိုင်ခဲ့တဲ့ ခိုင်သင်းကြည်က အကယ်ဒမီဆုတွေကို ထိုက်တန်စွာရရှိခဲ့ပြီလည်း ဖြစ်ပါတယ်။ ယနေ့အချိန်အထိ နာမည်တစ်လုံးနဲ့ ရပ်တည်နေတဲ့ခိုင်သင်းကြည်က အမာခံပရိသတ်တွေအများအပြား ရရှိထားသူတစ်ယောက်ပါ။

Photo Credit- Khine Thin Kyi's FB
Photo Credit- Khine Thin Kyi's FB
Photo Credit- Khine Thin Kyi's FB

ခိုင်သင်းကြည်က ယနေ့ခေတ်လူငယ်တွေနဲ့အပြိုင် အရွယ်တင်နုပျိုနေတာလည်း ဖြစ်ပါတယ်။ ဖက်ရှင်ကျပြီးခေတ်ရေစီးကြောင်းအတိုင်း လိုက်လျောညီထွေစွာ နေထိုင်တတ်တဲ့ ခိုင်သင်းကြည်က သမီးချောလေးနဲ့ညီအစ်မတွေလို့တောင် ထင်မှတ်ရတာ ဖြစ်ပါတယ်။ အခုလည်း ခိုင်သင်းကြည်တစ်ယောက် သမီးလေးနဲ့အတူ EDM ပွဲကြီးမှာ ပါဝင်ဆင်နွှဲခဲ့ပါတယ်။

Photo Credit- Khine Thin Kyi's FB
Photo Credit- Khine Thin Kyi's FB
Photo Credit- Khine Thin Kyi's FB

မနေ့ညကကျင်းပပြုလုပ်ခဲ့တဲ့ ''808 Festival Yangon'' ပွဲကြီးကို ခိုင်သင်းကြည်တို့သားအမိနှစ်ယောက်က အတူတူသွားရောက်ခဲ့ကြတာ ဖြစ်ပါတယ်။ ခိုင်သင်းကြည်က '' သဲလေးကိုလိုက်ပို့ပေးတာပါ '' ဆိုပြီး သမီးလေးနဲ့ပျော်ခဲ့တဲ့အမှတ်တရတွေကို တင်ထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ခိုင်သင်းကြည်တို့သားအမိရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit- Khine Thin Kyi's FB 

Photo Credit- Khine Thin Kyi's FB
Photo Credit- Khine Thin Kyi's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။