Photo credit - Jabz facebook page

Fnatic အသင်းရဲ့ sup player Jabz ရဲ့နာမည်အရင်းကတော့ Anucha Jirawong ဖြစ်ပြီး သူဟာထိုင်းနိုင်ငံသား တဦးပဲဖြစ်ပါတယ်။

သူ့ရဲ့ birth date ကတော့ 1998 ခုနှစ် 9 လပိုင်း 22 ရက်နေ့ဖြစ်တာကြောင့် အခုဆိုရင် အသက် 21 နှစ်အရွယ် ရှိနေပီပဲ ဖြစ်ပါတယ်။

Jabz dota2 pro scene ပေါ်ရောက်လာတာကတော့ 2014 ခုနှစ်လောက်ထဲက ဖြစ်ပြီး ပထမဆုံး စတင်ကစားခဲ့တဲ့ အသင်းကတော့ Everlast.GameFilling ပဲဖြစ်ပါတယ်။

2015 ခုနှစ် 1 လပိုင်းမှာတော့ Jabz ဟာ Signature.Trust အသင်းကိုရောက်ရှိခဲ့ပြီး ၄င်းအသင်းမှာ 2016 ခုနှစ် 9 လပိုင်းအထိကစားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Jabz ဟာ Team Faceless ကိုပြောင်းရွှေခဲ့ပြီး ၄င်းအသင်းမှာ 2017 ခုနှစ် 7 လပိုင်းအထိကစားခဲ့ပါတယ်။

2017 ခုနှစ် 8 လပိုင်းမှာတော့ Jabz ဟာ Mineski အသင်းကိုရောက်ရှိခဲ့ပြီး 2018 ခုနှစ် 9 လပိုင်း 6 ရက်နေ့မှာ ပြန်လည်ထွက်ခွာခဲ့ပါတယ်။

2018 ခုနှစ် 9 လပိုင်း 12 ရက်နေ့မှာတော့ Jabz ဟာ Finatic အသင်းကိုရောက်ရှိလာခဲ့ပြီး ယနေ့အချိန်ထိ Fnatic အသင်းမှာ ကစားနေဆဲပဲ ဖြစ်ပါတယ်။

Source - Liquipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။