မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ကတော့ ရုပ်ရည်ရူပါရော အနုပညာအရည်အချင်းပါ အားလုံးပြီးပြည့်စုံနေတဲ့ ပရိသတ်အချစ်တော်လေးတစ်ယောက်ပါ။ သူမရဲ့ထူးချွန်ထက်မြက်တဲ့ သရုပ်ဆောင်စွမ်းရည်တွေကြောင့် ထိပ်တန်းမင်းသမီးတစ်ဦးအဖြစ် အောင်မြင်မှုသရဖူဆောင်းနေတာလည်း ဖြစ်ပါတယ်။ ရွှေကစ်လေးက ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးတဲ့အခါမှာလည်း နိုင်ငံတကာနဲ့လက်တွဲပြီး ရိုက်ကူးနေရတာ ဖြစ်ပါတယ်။

Photo Credit- LiJohn Photography
Photo Credit- LiJohn Photography

အခုလက်ရှိမှာလည်း ရွှေကစ်လေးက နိုင်ငံတကာဆုပေးပွဲကြီးဖြစ်တဲ့ ''Asian Academy Creative Awards'' ကို တက်ရောက်နေရတာ ဖြစ်ပါတယ်။ ဒီဆုပေးပွဲကြီးမှာ ရွှေကစ်လေးက အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုအတွက် ဆန်ကာတင်စာရင်းဝင်ခဲ့တာပဲ ဖြစ်ပါတယ်။ မြန်မာကိုယ်စားပြုအနေနဲ့ တက်ရောက်ခဲ့တဲ့ ရွှေကစ်လေးက ပရိသတ်တွေဂုဏ်ယူရလောက်အောင် ထူးချွန်နေတာ ဖြစ်ပါတယ်။

Photo Credit - Wutt Hmone Shwe Yi's IG
Photo Credit - Wutt Hmone Shwe Yi's IG
Photo Credit - Wutt Hmone Shwe Yi's IG

အခုလည်း ရွှေကစ်လေးတစ်ယောက် နိုင်ငံပေါင်းစုံက နာမည်ကြီးအနုပညာရှင်တွေနဲ့ ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပါတယ်။ ရွှေကစ်လေးက နိုင်ငံတကာက အနုပညာရှင်တွေနဲ့အတူရိုက်ကူးထားတဲ့ အမှတ်တရပုံရိပ်တွေကို မျှဝေလိုက်တာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေးဝတ်မှုန်ရွှေရည်နဲ့ နာမည်ကျော် အနုပညာရှင်တွေရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit - Wutt Hmone Shwe Yi's IG

Photo Credit - Wutt Hmone Shwe Yi's IG
Photo Credit - Wutt Hmone Shwe Yi's IG

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။