အလှမယ်ဆုရှင် တစ်ဦးလည်း ဖြစ်ပြီး မော်ဒယ်လ်တစ်ဦးဖြစ်တဲ့ မေမြတ်နိုးကို သိကြမယ်ထင်ပါတယ်။ နိုင်ငံတကာစံချိန်မှီ အရည်အချင်းရှိသူဖြစ်ပြီး အနုပညာမော်ဒယ်လ်လောကမှာ ဒိတ်ဒိတ်ကြဲအောင်မြင်နေတဲ့ မေမြတ်နိုးကို MLTVကနေ အင်တာဗျူးမေးမြန်းခဲ့တာဖြစ်ပါတယ်။ သူမရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုနှင့် "Mobile Legends" game ကစားဖြစ်ကြောင်းကိုလည်း ပွင့်လင်းစွာ ဖြေကြားခဲ့တာပါနော်။

Photo Credit May Myat Noe's facebook
Photo Credit May Myat Noe's facebook

သူမရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုကတော့ "Basic Model Agency"နဲ့ လက်တွဲပြီး စင်ကာပူမှာ casting တွေ၊ training ဝင်တာတွေကို ပြုလုပ်သွားမယ်လို့ သိရပါတယ်။ အဲ့ဒါပြီးရင်တော့ "Los Angeles"သွားရမှာဖြစ်ပြီး "lead female characters"အနေနဲ့ casting အောင်သွားလို့ Hollywood ရုပ်ရှင်ဇာတ်ကားကြီးမှာ legendaryလို့ ပြောလို့ရတဲ့ သက်ကြီးပိုင်း သရုပ်ဆောင်တွေနဲ့အတူ ပါဝင်ခွင့်ရမှာဖြစ်ပါတယ်။

Photo Credit May Myat Noe's facebook
Photo Credit May Myat Noe's facebook

"မြတ်နိုးကတော့ selena ကိုကြိုက်တယ်၊ မြတ်နိုးက အနုပညာလှုပ်ရှားမှုတွေ လုပ်နေတယ်ဆိုတော့လေ ML ကို အားလပ်တဲ့ အချိန်လေးတွေပဲ ဆော့ဖြစ်ပါတယ်၊ တစ်ခါတစ်လေ ကျလို့ရှိရင် မသိတဲ့သူတွေနဲ့ ဂိမ်းထဲမှာ chatတာတွေ ဝင်လာတဲ့အခါ ဘာပြောရမှန်းမသိဘူးပေါ့နော်၊ အဲ့လိုတော့ဖြစ်ဖူးပါတယ်" game နဲ့ပတ်သက်ပြီး အမှတ်တရလေးတွေကို ပြောပြခဲ့ပါတယ်။ ပရိသတ်တွေ ကြည့်ရှုခံစားရအောင် ဗီဒီယိုဖိုင်လေးကို မျှဝေပေးလိုက်ပါတယ်။

Photo Credit May Myat Noe's facebook

Photo Credit May Myat Noe's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။