ရန်ကုန်ယူနိုက်တက် (ယူ-၂၁) အသင်းနှင့် MFF (U-19) အသင်းတို့ ဒီဇင်ဘာလ (၇ ) ရက်နေ့မနက်ပိုင်းက ခြေစမ်းပွဲစဉ်ကို သုဝဏ္ဏ လေ့ကျင့်ရေးကွင်း (၁) တွင် ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ ရန်ကုန်လူငယ်အသင်းကတော့ MFF (U-19) အသင်းကို သိန်းဇော်ဦး၏ တစ်လုံးတည်းသောသွင်းဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။အသင်း နှစ်သင်းလုံးကတော့ ပွဲချိန်အတွင်းမှာ အပြန်အလှန်တိုက်စစ်ဆင်ယှဉ်ပြိုင်ကစားပြီး ပရိသတ်တွေအတွက် ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်။

Photo Credit - Yangon United Football Club
Photo Credit - Yangon United Football Club
Photo Credit - Yangon United Football Club

ရန်ကုန်ယူနိုက်တက်အသင်းကတော့ လာမဲ့ရာသီ ၂၀၂၀ ဘောလုံးပွဲစဉ်တွေမှာလည်း အကောင်းဆုံးရလဒ်ကောင်းတွေရရှိနိုင်အောင်လေ့ကျင့်ပြင်ဆင်သွားမှာလည်းဖြစ်ပါတယ်။ရန်ကုန်ယူနိုက်တက်ယူ -၂၁ အသင်းကတော့ ခြေစမ်းပွဲတွေကိုကစားသွားမှာလည်းဖြစ်ပါတယ်။ အသင်းရဲ့ရလဒ်ကောင်းတွေကတော့ ယခုရာသီမှာ အကောင်းဆုံးခြေစွမ်းတွေရရှိထားနေပြီး လာမဲ့ရာသီပွဲစဉ်တွေမှာ ပရိသတ်တွေအကြိုက်တွေ့စေမဲ့ အောင်မြင်မှုတွေကိုစွမ်းဆောင်ပေးနိုင်မှာလည်းဖြစ်ပါတယ်။ 

Photo Credit - Yangon United Football Club
Photo Credit - Yangon United Football Club
Photo Credit - Yangon United Football Club

ဒီပွဲစဉ်ကတော့ လာမည့် ၂၀၂၀ ဘောလုံးရာသီအတွက် ပြင်ဆင်နေတဲ့ ရန်ကုန်လူငယ်အသင်း၏ ပထမဦးဆုံးခြေစမ်းပွဲစဉ်ဖြစ်ပြီး ဒုတိယပိုင်းတွင် သိန်းဇော်ဦး၏ ပြစ်ဒဏ်ဘောကန်တင်ရာမှ ဂိုးရရှိခဲ့ခြင်းဖြစ်ပါတယ်။ ရန်ကုန်ယူနိုက်တက် ယူ -၂၁ အသင်းရဲ့ ရလဒ်ကောင်းတွေနဲ့အတူ အောင်မြင်မှုတွေကိုရရှိနိုင်အောင် ပရိသတ်တွေက ဆုမွန်ကောင်းတောင်းပေးရင်းတင်ဆက်လိုက်ပါတယ်...။ 

Photo Credit - Yangon United Football Club
Photo Credit - Yangon United Football Club

Source - Yangon United Football Club

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။