သရုပ်ဆောင် ဒါရိုက်တာသားညီဟာ ဇာတ်လမ်းကောင်းများရိုက်ကူးရာမှာ နာမည်ကောင်းရရှိသူတစ်ဦးဖြစ်ပါတယ် ။

သူရိုက်ကူးခဲ့တဲ့ Mr.Charm ဇာတ်လမ်းတွဲဟာဆိုလဲ လူငယ်တွေကြားထဲ အကြိုက်တွေ့ခဲ့တဲ့ဇာတ်လမ်းတွဲလေးတစ်ခုဖြစ်ခဲ့ပါတယ် ။

ယခုလက်ရှိမှာ MNTV က ထုတ်လွှင့်ပြသနေတဲ့ ရတနာပုံဇာတ်လမ်းတွဲဟာဆိုရင်လဲ ရိုက်ကူးနေစဉ် ရိုက်ကွင်းပုံရိပ်များမှာထဲက

လူစိတ်ဝင်စားခံခဲ့ရတဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ် ။ ယမန်နေ့က MNTV ကထုတ်လွှင့်ပြသခဲ့တဲ့ ရတနာပုံဇာတ်လမ်းတွဲမှအပိုင်းတစ်ပိုင်းဟာ

ရုပ်နဲ့အသံနဲ့လွဲနေခဲ့တာမို့ စိတ်ဝင်တစားစောင့်ကြည့်နေကြတဲ့ ပရိတ်သတ်တွေ အတွက်ကြည့်လို့အဆင်မပြေလှဘဲ အားမလိုအားမရတွေဖြစ်ခဲ့ရပါတယ် ။

ဒီကိစ္စနဲ့ပါတ်သတ်ပြီး ဒါရိုက်တာသားညီက Final Check လုပ်တုန်းကတောင်ကောင်းနေပြီး On Air လွှင့်မှ ဒီလိုဖြစ်တာမို့ တာဝန်ရှိသူကို စိတ်ဆိုးနေပါတယ် ။

အနုပညာတစ်ခုဆုံးရှူံးလိုက်ရတာ အထိုးခံရတာာထက်နာပါတယ် ... ဒါကြောင့်မို့ Friday Replay ပြန်ပြတဲ့အချိန်မှာပြန်လည် ပြင်ဆင်ထားပေးဖို့ကို သူကတောင်းဆိုထားပါတယ် ။ ကြိုးစားထားတဲ့အရာတစ်ခု ပျက်ဆီးသွားတော့ စိတ်မကောင်းဖြစ်နေတာပါ ။ သားညီကိုအားပေးလိုက်ကြပါဦး ပရိတ်သတ်ကြီးရေ ..

Source : Thar Nyi 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။