ပရိသတ်ကြီးရေ သင်္ကြန်မိုးမင်းသမီးတစ်လက်လို့ အရမ်းနာမည်ကြီးပြီးအောင်မြင်ခဲ့တဲ့ အကယ်ဒမီခင်သန်းနုကတော့ ယနေ့အချိန်ထိတိုင် ပရိသတ်တွေရဲ့ရင်ထဲကိုစိုးမိုးထားနိုင်တဲ့မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။ခင်သန်းနုက ယခုခေတ်မှာအနုပညာအလုပ်တွေနဲ့အလှမ်းဝေးကွာသွားပေမယ့်လည်း ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာတွေကိုတော့ရရှိပိုင်ဆိုင်ထားဆဲပါနော်။ခင်သန်းနုက မကြာသေးခင်ရက်ပိုင်းမှာ(၇၄)နှစ်ပြည့်သွားတာဖြစ်လို့ မွေးနေ့လေးကိုသူမရဲ့ခြံထဲမှာပဲကျင်းပခဲ့တာဖြစ်ပါတယ်။

Photo Credit:Myo Minn Soe's Facebook
Photo Credit:Myo Minn Soe's Facebook
Photo Credit:Myo Minn Soe's Facebook

ခင်သန်းနုကတော့ ၇၄နှစ်အရွယ်ထိတိုင် ကျန်းမာနုပျိုနေဆဲဖြစ်ပြီးလှပနေဆဲပါနော်။ဒီဇိုင်နာမျိုးမင်းစိုးကလည်း ခင်သန်းနုရဲ့မွေးနေ့လေးမှာ ဘောလုံးအနီရောင်လေးတွေနဲ့ Suprise လုပ်ခဲ့တာဖြစ်လို့"အန်တီနုရဲ့ခြံထဲမှာအန်တီနုမသိရအောင်ဘောလုံးနီနီလေးတွေနဲ့Suprise လုပ်ပေးရတာပျော်စရာအမှတ်တရပါ။ခုချိန်ထိနုပျိုလှပဆဲကျန်းမာသွက်လက်ဆဲအန်တီနု ဒီနေ့ကျရောက်တဲ့မွေးနေ့မှစလို့အသက်ရာကျော်ရှည်ပါစေ"ဆိုပြီး ဆုတောင်းပေးထားတာဖြစ်ပါတယ်။

Photo Credit:Myo Minn Soe's Facebook
Photo Credit:Myo Minn Soe's Facebook

ခင်သန်းနုရဲ့အလှအပတွေကလည်း အလှပေါ်အယဉ်ဆင့်ပြီး ကျက်သရေရှိစွာလှပနေတာဖြစ်ပါတယ်။သွက်လက်နေဆဲဖြစ်တဲ့ အိုင်တင်တွေနဲ့လည်း Tiktok လေးကို ဒီဇိုင်နာမျိုးမင်းစိုးနဲ့အတူတူ ရိုက်ကူးထားတာပါ။အနီရဲရဲလေးနဲ့အရမ်းလှနေပြီး အပြုံးတွေကအစအသက်ဝင်နေဆဲဖြစ်နေတဲ့ မင်းသမီးကြီးခင်သန်းနုရဲ့ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Myo Minn Soe's Facebook
Photo Credit:Myo Minn Soe's Facebook
Photo Credit:Myo Minn Soe's Facebook

Photo Credit:Myo Minn Soe's Facebook

Video Credit:Myo Minn Soe's Tiktok

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။