ရန်ကုန်ယူနိုက်တတ်အသင်းကတော့ သူတို့ရဲ့ နောက်တန်းကစားသမားဖြစ်တဲ့ နောက်ခံလူ နန်းဝေမင်းကို ပြီးခဲ့တဲ့ ရက်ပိုင်းက အသင်းမှ ထွက်ခွာခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။ ယခုမှာတော့ ဟံသာဝတီယူနိုက်တက်အသင်းကတော့ ရန်ကုန်ယူနိုက်တက်အသင်းကနေ ထွက်ခွာလာတဲ့ နောက်ခံလူ နန်းဝေမင်းကို ခေါ်ယူလိုက်ပါတယ်။

photo credit : Myanmar National League 's facebook
photo credit : Yangon United Football Club 's facebook

ဟံသာဝတီအသင်းရဲ့ ကစားသမားသစ်ဖြစ်တဲ့ နောက်ခံလူနန်းဝေမင်းကတော့ ကျွန်တော်ကတော့ ပွဲတိုင်းကို အနိုင်ရရှိလိုတဲ့ စိတ်က ကလပ်အသင်းမှာရေ နိုင်ငံအသင်းမှာပါ နိုင်လိုစိတ်ပြင်းပြတဲ့ အတွက် ဟံသာဝတီအသင်းကို အောင်မြင်မှုတစ်ခုရအောင် ကျွန်တော်အစွမ်းကုန်ကြိုးစားသွားမှာပါဆိုပြီး ပြောထားခဲ့ပါတယ်။

photo credit : Myanmar National League 's facebook
photo credit : Yangon United Football Club 's facebook

ဟံသာဝတီယူနိုက်တတ်အသင်းကတော့ ပြီးခဲ့တဲ့ ရာသီက အဆင့် ၂နေရာကို ရပ်တည်ထားနိုင်ခဲ့ပါတယ်။ ရှုမ်းအသင်း ရန်ကုန်ယူနိုက်တတ်အသင်း ဟံသာဝတီအသင်းနဲ့ တစ်ခြားအသင်းတွေကတော့ ၂၀၂၀ ဘောလုံးရာသီ အတွက် ရာသီကြိုတင်ပြင်ဆင်မှုများပြုလုပ်နေကြပြီး ပြည်တွင်း ကလပ်တွေ အချင်းချင်း ခြေစမ်းပွဲတွေကိုလဲ ကစားလျက်ရှိနေတာပဲ ဖြစ်ပါတယ်။

source: Myanmar National League 's facebook

photo credit : Myanmar National League 's facebook
photo credit : Myanmar National League 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။