ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် အကြိမ် ၃၀ မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၊ အမျိုးသား ဘောလုံးပြိုင်ပွဲ၊ တတိယလုပွဲအဖြစ် ကမ္ဘောဒီးယားယူ-၂၂ အသင်းနှင့် မြန်မာ့လက်ရွေးစင်ယူ-၂၂ အသင်းဟာ ယနေ့ နေ့လည်၂း၃၀မှာ အကြိပ်အနယ် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါတယ်။

photo credit : MFF' s facebook
photo credit : MFF' s facebook

အုပ်စုအဆင့် ပွဲစဉ်တွေတုန်းက ကမ္ဘောဒီးယားယူ-၂၂ အသင်းနှင့် မြန်မာ့လက်ရွေးစင်ယူ-၂၂ အသင်း တို့ တွေ့ဆုံခဲ့ပြီး မြန်မာ့လက်ရွေးစင်ယူ-၂၂ အသင်းက အနိုင်ရရှိထားတာပဲ ဖြစ်ပါတယ်။ ယခုမှာလဲ တတိယအဆင့် နေရာလုပွဲမှာ တစ်ဖန်တွေ့ဆုံနေတာပဲ ဖြစ်ပြီး ပွဲကြီးပွဲကောင်းဖြစ်လာဖို့ ရှိနေကာ ပရိသတ်တွေအနေနဲ့လဲ အဆိုပါပွဲကို စိတ်ဝင်တစားစောင့်ကြည့်နေကြပါတယ်။

photo credit : MFF' s facebook
photo credit : MFF' s facebook

မြန်မာလက်ရွေးစင် ယူ၂၂အသင်း ဂုဏ်သိက္ခာပိုင်းအရ ကမ္ဘောဒီးယားကို အနိုင်ယူပြီး တတိယနေရာကို အရယူဖို့ လိုအပ်နေပြီး အစွမ်းကုန်ကြိုးစားဖို့ လိုအပ်နေတာလဲ ဖြစ်ပါတယ်။ ကမ္ဘောဒီးယားယူ-၂၂ အသင်းကတော့ ယခုနှစ် ဆီးဂိမ်းပြိုင်ပွဲမှာ ခြေစွမ်းတိုးတတ်လာတဲ့ အသင်းဖြစ်တာကြောင့် မြန်မာအသင်းအနေနဲ့ သတိထားကစားဖို့ လိုအပ်နေတာပဲ ဖြစ်ပါတယ်။

source: MFF' s facebook  

photo credit : MFF' s facebook
photo credit : MFF' s facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။