အာရှဘောလုံးအဖွဲ့ချုပ်(AFC) မှ ကြီးမှူး ကျင်းပသွားမည့် AFC Cup 2020 ပြိုင်ပွဲအတွက် အုပ်စုမဲခွဲ ပွဲ အပြီးတွင် မြန်မာနိုင်ငံကိုယ်စားပြု မြန်မာနေရှင်နယ်လိဂ်ကလပ် ရန်ကုန်ယူနိုက်တက်အသင်းမှာ ဗီယက်နမ်၊စင်ကာပူ၊ လာအိုကလပ်အသင်းများနှင့် အတူ အုပ်စု(စ)တွင် ကျရောက်ခဲ့ပါတယ်။

photo credit : Yangon United Football Club 's facebook
photo credit : Yangon United Football Club 's facebook

ရန်ကုန်ယူနိုက်တက်အသင်းဟာ အုပ်စု(စ)တွင် ဗီယက်နမ်ကလပ် ဟိုချီမင်းစီးတီး၊ လာအိုကလပ် လာအိုတိုယိုတာအက်ဖ်စီနှင့် စင်ကာပူကလပ် ဟိုဂန်းယူနိုက်တက်အသင်းတို့နှင့် တွေ့ဆုံနေခြင်းဖြစ်ပါတယ်။ ရန်ကုန်အသင်းအနေဖြင့် ၂၀၂၀ အေအက်ဖ်စီဖလားပြိုင်ပွဲကို ခြေစစ်ပွဲအဆင့်မှ စတင်ယှဉ်ပြိုင်ရမည်ဖြစ်ပါတယ်။

photo credit : Yangon United Football Club 's facebook
photo credit : Yangon United Football Club 's facebook

ရန်ကုန်အသင်းအနေနဲ့ အဆိုပါ အဆင့်တွင် ဘရူနိုင်းကလပ် အင်ဒရာအသင်းနှင့်တွေ့ဆုံနေကာအနိုင်ရရှိသည့်အသင်းက နောက်တစ်ဆင့်ကို တက်လှမ်းခွင့် ရမည်ဖြစ်သည်။ခြေစစ်ပွဲအဆင့်ကို ဇန်နဝါရီ ၂၂၊ ၂၉ ရက်များတွင် အိမ်ကွင်း၊ အဝေးကွင်းစနစ်ဖြင့် နှစ်ကျော့ ယှဉ်ပြိုင်သွားရမည်ဖြစ်ပါသည်။

source: Myanmar National League's facebook 

photo credit : Yangon United Football Club 's facebook
photo credit : Yangon United Football Club 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။