photo credit - liquipedia

OG အသင်းရဲ့ carry player Ana ရဲ့နာမည်အရင်းကတော့ Anathan Pham ဖြစ်ပြီး သူဟာ Austila နိုင်ငံသားတစ်ဦးပဲဖြစ်ပါတယ်။

Birth date ကတော့ 1999 ခုနှစ် 8 လပိုင်း 26 ရက်နေ့ဖြစ်တာကြောင့် Ana ဟာ အသက် 20 အရွယ်ရှိနေပြီပဲဖြစ်ပါတယ်။

Ana Dota 2 pro secen ပေါ်ကို ဝင်ရောက်လာခဲ့တာကတော့ အသက် 14 နှစ်အရွယ် 2013 ခုနှစ် 9 လပိုင်းလောက်ထဲကဖြစ်ပြီး ပထမဆုံးစတင်ကစားခဲ့တဲ့အသင်းကတော့ Mobility Gaming ပဲဖြစ်ပါတယ်။

၎င်းအသင်းမှာတော့ Ana ဟာ ရက်ပိုင်းလေးသာကစားခဲ့ပြီး dota 2 pro secen ပေါ်ကနေ ပြန်လည်ပြောက်ကွယ်သွားခဲ့ပါတယ်။

2016 ခုနှစ် 3 လပိုင်း 19 ရက်နေ့မှာတော့ Ana ဟာ Invictus Gaming နဲ့အတူ ပြန်လည်ထွက်ပေါ်လာခဲ့ပြီး ၎င်းအသင်းမှာ 5 လလောက်ကစားပြီးတဲ့အချိန် 2016 ခုနှစ် 8 လပိုင်း 31 ရက်နေ့မှာတော့ OG အသင်းကိုပြောင်းရွှေ့ခဲ့ပါတယ်။

OG အသင်းမှာတော့ Ana ဟာ 2017 ခုနှစ် 8 လပိုင်းအထိကစားခဲ့ပြီးနောက် အနားထပ်မံယူသွားခဲ့ပြီး 2018 ခုနှစ် 1 လပိုင်း 5 ရက်နေ့မှာ Team World မှာပြန်လည်ကစားခဲ့ပါတယ်။

Team World မှာတော့ Ana ဟာ တစ်လလောက်သာကစားခဲ့ပြီးနောက် Echo International ကိုပြောင်းရွှေ့ခဲ့ပါတယ်။

Ti စဖို့နီးကပ်နေတဲ့အချိန် 2018 ခုနှစ် 6 လပိုင်း 4 ရက်နေ့မှာတော့ Ana ဟာ OG အသင်းကိုပြန်လည်ရောက်ရှိလာခဲ့ပြီး OG အသင်းနဲ့အတူ Ti 8 ကို open qualifier ကနေ ဝင်ပြိုင်ခဲ့ပြီး နောက်ဆုံး Ti 8 ရဲ့ champion ဆုကြီးကိုပါ ရယူနိုင်ခဲ့ပါတယ်။

Ti 8 ပြီးသွားတဲ့နောက်မှာတော့ Ana ဟာ OG အသင်းကနေ ကျောင်းပြန်တက်ဖို့အတွက် inactive လုပ်သွားခဲ့ပြီး Ti9 စခါနီးမှသာ OG အသင်းကိုပြန်ရောက်လာခဲ့ပါတယ်။

Ti9 ကိုဝင်ရောက်ယှဉ်ပြိုင်တဲ့အချိန်မှာဆိုရင်လည်း Ana ဟာ OG အသင်းနဲ့အတူ champion ဆုကြီးကို ထပ်မံရယူနိုင်ခဲ့သလို 2 နှစ်ဆက်တိုက် Ti champion ဆိုတဲ့ဂုဏ်ပုဒ်ကြီးကို ရရှိခဲ့သေးတာပဲဖြစ်ပါတယ်။

Ti 9 ပြီးသွားတဲ့အချိန်မှာဆိုရင်လည်း Ana ဟာ OG အသင်းသားတွေနဲ့အတူ ယနေ့အချိန်ထိ ပျောက်ဆုံးနေပြီး ဘယ်အချိန် ပြန်ပေါ်လာမလဲဆိုတာကတော့ သေချာမသိရှိနိုင်သေးပါဘူး။

source - Liquipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။