ချစ်ပရိသတ်ကြီးကို ဒီတစ်ပါတ်မှာ (Acient Egypt) ရှေးခေတ် အီဂျစ်နိုင်ငံရဲ့ သမိုင်းအကျဉ်းချုပ်ကို စိတ်ဝင်စားဖွယ်ဖြစ်အောင် ရေးသားဖော်ပြပေးသွားမှာဖြစ်ပါတယ်။ နိုင်းမြစ်ရိုး တစ်လျောက်ကို အမှီပြုပြီး တည်ဆောက်ခဲ့တဲ့ အီဂျစ်ဟာ ကမ္ဘာ ယဉ်ကျေးမှု အစောဆုံးနိုင်ငံဖြစ်ခဲ့ပါတယ်။ ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၃၀၀၀ ကျော်လောက်ကတည်းက အသက်မွေးဝမ်းကြောင်းအနေနဲ့ စိုက်ပျိုးရေး နှင့် အဝတ်အထည်လုပ်ငန်းကို ကျယ်ပြန့်စွာ လုပ်ဆောင်ခဲ့ပြီး အလွန်တန်ခိုးထွားခဲ့တဲ့ ရှေးဟောင်းအီဂျစ်နိုင်ငံကြီးပဲဖြစ်ခဲ့ပါတယ်။

Photo credit သံ ဇဉ် မိုးဇတ်

သို့သော် ပြည်တွင်းစစ်တွေ အကြိမ်ကြိမ်ဖြစ်ခဲ့ဖူးသလို ပါရှန်းအင်ပါယာl ဂရိအင်ပါယာ l ရောမအင်ပါယာ စတဲ့အင်ပါယာတွေ လက်အောက်ကိုလည်း ရောက်ရှိခဲ့ဖူးပါတယ်။ ခရစ်တော်ပေါ်ပြီး ၁၈၀ ခုနှစ်မှာတော့ "Alexander" ဘုရင်မျိုးဆက်များ ရောမအင်ပါယာ လက်အောက် ရောက်ရှိနေခဲ့တဲ့ အီဂျစ်နိုင်ငံကြီးက တောင် နှင့်မြောက်ဟူ၍ နှစ်ပိုင်းကွဲထွက်သွားသလို ရှေးအီဂျစ်တွေရဲ့ ဘာသာစကား ယဉ်ကျေးမှု စတာတွေလဲ မှေးမိန် ခဲ့ရပါတော့တယ်။

Photo credit သံ ဇဉ် မိုးဇတ်

အီဂျစ် အထက်ပိုင်း (Upper egypt) နှင့် အီဂျစ်အောက်ပိုင်း (Lower egypt) ကို ခွဲခြမ်းမပြောဘဲ တန်ခိုးကြီးထွားပြီး အစဉ် အလာကြီးမားခဲ့တဲ့ အီဂျစ်ဘုရင် အရေအတွက်ကတော့ ၂၂၅ပါးရှိပါတယ်။ ဘုရင်မျိုးဆက်များကို "Kings" လို့ မသုံးဆွဲ ဘဲ အီဂျစ်ဓလေ့အရ ဖါရို (Pharaohs) ဟုသာ ပြောဆိုသုံးစွဲခဲ့ပါတယ်။ အထက်ပါဖေါ်ပြခဲ့တဲ့ အီဂျစ်နိုင်ငံ သမိုင်းအကျဉ်းချုပ်ကို ဖတ်ရှုရတာ နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်။ နောင်လည်း ဗဟုသုတရဖွယ် သတင်းများကို တင်ဆက်ပေးသွားမှာမလို့ like and follow လုပ်ထားကြဖို့ မမေ့ပါနဲ့ဦးနော်...။

Source သံ ဇဉ် မိုးဇတ်

Photo credit သံ ဇဉ် မိုးဇတ်

Photo credit သံ ဇဉ် မိုးဇတ်
Photo credit သံ ဇဉ် မိုးဇတ်

သတင်းယူရေးခွင့်ပေးတဲ့ "သံ ဇဉ် မိုးဇတ်"ကို ကျေးဇူးတင်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။