ဒီဓာတ်ပုံတွေမြင်လို့ ဟာခနဲဖြစ်သွားမှာအမှန်ပါပဲ။

ပထမပုံကတော့ ကမ္ဘာကျော်ပေါ့အဆိုတော်မလေး တေလာဆွစ်ရဲ့ ပုံအစစ်ပါ။

ဒုတိယမြောက်ပြထားတဲ့ ပုံကတော့ တေလာဆွစ်နဲ့ အမွှာလို့တောင်ထင်ရတဲ့ သာမန်ကောင်မလေးတစ်ယောက်ပါ။ အေပရယ် ဂလော်ရီယာ လို့ခေါ်တဲ့ အဆိုပါမိန်းမချောလေးဟာ တေလာဆွစ်ရဲ့မျက်နှာ နဲ့ ချွပ်စွပ်တူနေတဲ့အတွက် လူမှုကွန်ရက်မှာလည်း အတော်လေးနာမည်ကြီးနေပါတယ်။

သူတင်သမျှပုံလေးတွေမြင်တဲ့သူတိုင်း တေလာနဲ့တူတယ်လို့ပဲ ပြောစမှတ်ပြုကြပြီး အင်စတာဂရမ်မှာ တေလာထက်တောင် Like အရေအတွက်တွေများနိုင်သေးတယ်လို့ ပြောကြပါတယ်။

အေပရယ်ဟာ မိတ်ကပ်မပြင်ဆင်ခင် အော်ရဂျယ်ရုပ်ရည်ကိုက တေလာနဲ့ ခပ်ဆင်ဆင်တူနေပြီး ပြင်လိုက်ပြီးနောက်မှာ တေလာထက်တောင် ပိုလှနေသေးတယ်လို့ သိရပါတယ်။

ဆယ်လီတစ်ယောက်နဲ့ တူတယ်ဆိုတာ နည်းတဲ့ကုသိုလ်မှတ်လို့နော်။

တေလာ နဲ့ အေပရယ်ကို နှစ်ယောက်အတူတွေ့လိုက်ရင် အတုနဲ့ အစစ် ဘယ်လိုခွဲခြားကြမလဲ ပရိသတ်ကြီးရေ။ 

သတင်းအရင်းမြစ် OMG feed

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။